Wednesday 7 January 2015

မောင်တောနယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှဝင်ရောက်ခိုလှုံလာသည့် ရခိုင် မျိုးနွယ်စုများအတွက် အိမ်အလုံး ၅၀အာရ်စီအိမ်များအဖြစ် တည်ဆောက် ပေးမည်

မောင်တောနယ်စပ် ဒေသသို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက် ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုမိသားစုဝင်များ အတွက် နေအိမ်အလုံး ၅၀ ကို အာရ်စီအိမ်များ အဖြစ် တည်ဆောက်ပေးမည်ဖြစ်ကြောင်း နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

အသစ်တည်ဆောက်မည့် နေအိမ်မှာ အိပ်ခန်းနှစ်ခန်းအပါ အ၀င် အိမ်မ (၂၀)ပေ၊ အိမ်သာ (၆)ပေ၊ မီးဖိုခန်း (၆)ပေဖြစ်ပြီး ခွင့်ပြုငွေမှာ အိမ်တစ်လုံးအတွက် ကျပ် သိန်း ၅၀ ကုန်ကျကြောင်း သတင်းရရှိသည်။

မောင်တောနယ်စပ်ဒေသ သို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက်လာသည့် ရခိုင်မျိုးနွယ်စု မိသားစုဝင်များ ယာယီ နေထိုင်နိုင်ရန် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၃၇၉)လုံးကို မောင်တောဒေသတွင် တည်ဆောက် ပေးထားပြီး ဘူးသီးတောင်မြို့နယ်တွင် အိမ်အလုံး ၆၀ တည်ဆောက်နေရာချပေး ထားကြောင်း သတင်းရရှိ သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ဒေသတွင်း ပဋိပက္ခများကြောင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်း သားမျိုးနွယ် စုများမှာ မောင်တော နယ်စပ်ဒေသသို့ ထွက်ပြေး တိမ်း ရှောင်ခဲ့ကြပြီး ယခုထိ ဆက်လက်ဝင်ရောက်ဆဲ ဖြစ်ကြောင်း မိသားစုဝင် များ အရေး ဆောင်ရွက်ပေးနေသည့် ဗဟိုကျောင်းတိုက်ဆရာတော်က မိန့်ကြား သည်။ မိသားစုဝင်များအတွက် နေရာထိုင်ခင်းစီစဉ်ပေးနေသော်လည်း စားဝတ် နေရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုမရှိသေးကြောင်း လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မောင်တောခရိုင် အမျိုးသားကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment