Monday 28 April 2014

၆၆KVA ပမာဏရရှိပါက ဂွတစ်မြို့နယ်လုံးမီးလင်းနိုင်

Photo: ၆၆KVA ပမာဏရရှိပါက ဂွတစ်မြို့နယ်လုံးမီးလင်းနိုင်
Monday, April 28, 2014  

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အတွင်းတွင်သာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြင့် ပေးနိုင်နေခြင်းဖြစ် ပြီး ဂွမြို့နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားပေးမည်ဆိုပါက မဟာ ဓာတ်အားလိုင်းမှ တိုက်ရိုက်လျှပ် စစ်ပေးရန်လိုအပ်ပြီးလျှပ်စစ် ပမာ ဏ ၆၆KVA (kilo volt amps)  ပမာဏဆိုပါက တစ်မြို့နယ်လုံး ၂၄ နာရီ လျှပ်စစ်မီးပေးဝေရန်လုံ လောက်နိုင်ကြောင်း ဂွမြို့မီးလင်း ရေးကော်မတီမှသိရှိရသည်။

လက်ရှိတွင် ဂွမြို့ မီးလင်း ရေးအတွက် ဒေသခံများမှ မီးလင်း ရေးကော်မတီကို ၁၉၆၄-၁၉၆၅ ၀န်းကျင်တွင်စတင်ဖွဲ့စည်းပြီး ယခု အခါတွင် အိမ်ခြေ ၁၂၀၀ ကို တစ်ရက်လျှင် ဆယ်နာရီသာ လျှပ်စစ်မီးပေးဝေနိုင်ကြောင်းသိရ သည်။

““ကျွန်တော်တို့ မီးလင်းရေး ကော်မတီအနေနဲ့ လက်ရှိမှာတော့ အမြတ်ငွေသိန်း ၂၀၀ ရှိနေပါပြီ။ ဒါပေမယ့် ဒါကလည်းရန်ပုံငွေ အတွက်ထားထားရတယ်။ ဓာတ် တိုင်တွင် တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်၊ မီးစက်တွေချို့ယွင်းမှုတစ်ခုခုပဲဖြစ် ဖြစ် ဒီငွေတွေနဲ့ပြန်ပြီး လည်ပတ် နေရတယ်။ အခုဆိုရင် ကျောက် ဖြူက သဘာဝဓာတ်ငွေ့တွေဆို တရုတ်ကိုပို့နေတယ်။ ဒေသခံတွေ က ဘာမှအကျိုးမခံစားရဘူး။ ဒီ အတွက်ရခိုင်ပြည်နယ်အစိုးရအနေ နဲ့ဂွမြို့အတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားထုတ်ပေးသင့် တယ်။ ဒါမှလည်း ဒေသခံပိုမိုဖွံ့ ဖြိုးလာနိုင်မယ်””ဟုမီးလင်းရေး ကော်မတီမှအတွင်းရေးမှူးဦးလှတင့် ကပြောသည်။

လက်ရှိ ဂွမြို့အတွင်းသာ လျှပ်စစ်ဓာတ်အားပေးနိုင်သည့် မီးစက်သည် ကျပ်သိန်း (၁၄၀) တန် ၂၅၀KVA  ထုတ်လုပ်နိုင်သည့်  မီးစက်နှင့် ကျပ်သိန်း (၁၇၀) တန် ၃၁၅ KVA ထုတ်လုပ်နိုင်သည့် မီး စက်များဖြစ်ပြီး လျှပ်စစ်ဓာတ်အား ခအဖြစ် ကောက်ခံရာတွင်ဆယ် ယူနစ်အောက်ဆိုပါက ၃၅ ကျပ် ကောက်ခံပြီး ဆယ်ယူနစ်အထက် ဆိုပါက ၃၅၀ ကျပ်ပေးဆောင်ရ ကြောင်းသိရသည်။

““အခုဆို မီးစက်နဲ့ပေးတာ ဆိုတော့ မီတာခလည်းဈေးကြီး တော့ အရမ်းကြီးမသုံးရဲဘူ။ မီး ထွန်း၊ တီဗွီကြည့်ဒီလောက်ပဲသုံးရဲ တယ်။ အဲဒါတောင် တစ်လ တစ် သောင်းကျော်နှစ်သောင်းကျနေ တယ်။ ဒါကြောင့်လျှပ်စစ်အားကို ၂၄ နာရီလုံလုံလောက်လောက် သုံးနိုင်ရင်တော့ပိုကောင်းတာပေါ့။ ဒါဆိုရင် ဒေသခံတွေစီးပွားရေးလည်း  သိသိသာသာဖွံ့ဖြိုးတိုးတက်လာနိုင် တယ်””ဟု ဂွမြို့နယ်မှဒေသခံ လှိုင်မင်းအောင်ကပြောသည်။

အစိုးရမှ တစ်လလျှင် ဓာတ် ဆီဂါလံ ၁၄၀၀ ကိုလည်ပတ်ရန် ထောက်ပံ့ပေးကြောင်း၊ သို့သော် အဆိုပါဆီဂါလံမှာလည်း လုံလောက် မှုမရှိသည့်အတွက် မီတာခတိုးမြှင့် ကောက်ခံပြီး လိုအပ်သည့်ဆီပမာ ဏအတွက်ထပ်မံဝယ်ယူနေရ ကြောင်းသိရသည်။

Hot News
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အတွင်းတွင်သာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြင့် ပေးနိုင်နေခြင်းဖြစ် ပြီး ဂွမြို့နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားပေးမည်ဆိုပါက မဟာ ဓာတ်အားလိုင်းမှ တိုက်ရိုက်လျှပ် စစ်ပေးရန်လိုအပ်ပြီးလျှပ်စစ် ပမာ ဏ ၆၆KVA (kilo volt amps)  ပမာဏဆိုပါက တစ်မြို့နယ်လုံး ၂၄ နာရီ လျှပ်စစ်မီးပေးဝေရန်လုံ လောက်နိုင်ကြောင်း ဂွမြို့မီးလင်း ရေးကော်မတီမှသိရှိရသည်။
လက်ရှိတွင် ဂွမြို့ မီးလင်း ရေးအတွက် ဒေသခံများမှ မီးလင်း ရေးကော်မတီကို ၁၉၆၄-၁၉၆၅ ၀န်းကျင်တွင် စတင်ဖွဲ့စည်းပြီး ယခု အခါတွင် အိမ်ခြေ ၁၂၀၀ ကို တစ်ရက်လျှင် ဆယ်နာရီသာ လျှပ်စစ် မီးပေးဝေနိုင်ကြောင်းသိရ သည်။

““ကျွန်တော်တို့ မီးလင်းရေး ကော်မတီအနေနဲ့ လက်ရှိမှာတော့ အမြတ်ငွေသိန်း ၂၀၀ ရှိနေပါပြီ။ ဒါပေမယ့် ဒါကလည်းရန်ပုံငွေ အတွက်ထားထားရတယ်။ ဓာတ် တိုင်တွင် တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်၊ မီးစက်တွေချို့ယွင်းမှုတစ်ခုခုပဲဖြစ် ဖြစ် ဒီငွေတွေနဲ့ပြန်ပြီး လည်ပတ် နေရတယ်။ အခုဆိုရင် ကျောက် ဖြူက သဘာဝဓာတ်ငွေ့တွေဆို တရုတ်ကိုပို့နေတယ်။ ဒေသခံတွေ က ဘာမှအကျိုးမခံစားရဘူး။ ဒီ အတွက်ရခိုင်ပြည်နယ်အစိုးရအနေ နဲ့ဂွမြို့အတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားထုတ်ပေးသင့် တယ်။ ဒါမှလည်း ဒေသခံပိုမိုဖွံ့ ဖြိုးလာနိုင်မယ်””ဟုမီးလင်းရေး ကော်မတီမှအတွင်းရေးမှူးဦးလှတင့် ကပြောသည်။

လက်ရှိ ဂွမြို့အတွင်းသာ လျှပ်စစ်ဓာတ်အားပေးနိုင်သည့် မီးစက်သည် ကျပ်သိန်း (၁၄၀) တန် ၂၅၀KVA  ထုတ်လုပ်နိုင်သည့်  မီးစက်နှင့် ကျပ်သိန်း (၁၇၀) တန် ၃၁၅ KVA ထုတ်လုပ်နိုင်သည့် မီး စက်များဖြစ်ပြီး လျှပ်စစ်ဓာတ်အား ခအဖြစ် ကောက်ခံရာတွင်ဆယ် ယူနစ်အောက်ဆိုပါက ၃၅ ကျပ် ကောက်ခံပြီး ဆယ်ယူနစ်အထက် ဆိုပါက ၃၅၀ ကျပ်ပေးဆောင်ရ ကြောင်းသိရသည်။

““အခုဆို မီးစက်နဲ့ပေးတာ ဆိုတော့ မီတာခလည်းဈေးကြီး တော့ အရမ်းကြီးမသုံးရဲဘူ။ မီး ထွန်း၊ တီဗွီကြည့်ဒီလောက်ပဲသုံးရဲ တယ်။ အဲဒါတောင် တစ်လ တစ် သောင်းကျော်နှစ်သောင်းကျနေ တယ်။ ဒါကြောင့် လျှပ်စစ်အားကို ၂၄ နာရီလုံလုံလောက်လောက် သုံးနိုင်ရင်တော့ပိုကောင်းတာပေါ့။ ဒါဆိုရင် ဒေသခံတွေ စီးပွားရေးလည်း  သိသိသာသာဖွံ့ဖြိုးတိုးတက်လာနိုင် တယ်””ဟု ဂွမြို့နယ်မှဒေသခံ လှိုင်မင်းအောင်ကပြောသည်။

အစိုးရမှ တစ်လလျှင် ဓာတ် ဆီဂါလံ ၁၄၀၀ ကိုလည်ပတ်ရန် ထောက်ပံ့ပေးကြောင်း၊ သို့သော် အဆိုပါဆီဂါလံမှာလည်း လုံလောက် မှုမရှိသည့်အတွက် မီတာခတိုးမြှင့် ကောက်ခံပြီး လိုအပ်သည့်ဆီပမာ ဏအတွက်ထပ်မံဝယ်ယူနေရ ကြောင်းသိရသည်။

Hot News

No comments:

Post a Comment