Monday 28 April 2014

ထိုင်းရောက် မြန်မာ လုပ်သားနှစ်ဦး ငါးအပုပ်များ သယ်ဆောင်စဉ် အသက်ရှူကျပ်၍ သေဆုံး

Photo: ထိုင်းရောက် မြန်မာ လုပ်သားနှစ်ဦး ငါးအပုပ်များ သယ်ဆောင်စဉ် အသက်ရှူကျပ်၍ သေဆုံး
Monday, April 28, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာ ငါးဖမ်းလှေ လု ပ်သားနှစ်ဦးသည် အနံ့ဆိုး များကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဧပြီ ၂၆ ရက်တွင် ငါးဖမ်း လုပ်သားနှစ်ဦး ဖြစ်သော ဦးတင်ဆန်းနှင့်  ဦးမောင်ထွေးတို့သည် ငါးဖမ်းလှေ အတွင်းမှ ငါးအပုပ်များ သယ်ယူစဉ်အနံ့ဆိုး များကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားခြင်း ဖြစ်သည်။

‘‘ပင်လယ်ငါးဖမ်း လှေတွေ မှာ  အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ငါးပိ၊ ငံပြာရည်လုပ်ဖို့ အမျိုးအစားညံ့ တဲ့ငါးတွေနဲ့ မလတ်ဆတ်တော့ တဲ့ငါးတွေကို ထားတဲ့အခန်းထဲ မှာဝင်ပြီး အဲဒီငါးအပုပ်တွေဆင်း သယ်ကြရပါတယ်။ ရက်အကြာ ကြီးရေခဲမရိုက်ဘဲ ငါးတွေကိုထား တာဆိုတော့ အပုပ်နံ့က တော် တော်ပြင်းထန်ပါတယ်။ အဲဒီပြင်း ထန်လှတဲ့အနံ့ဆိုးတွေကြောင့် အလုပ်သမားတွေအနေနဲ့ အသက် ရှူရပ်ပြီး မကြာခဏသေဆုံးတာ မျိုးတွေဖြစ်နေပါတယ်’’ဟု ထိုင်း နိုင်ငံတောင်ပိုင်း အခြေစိုက်ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

 ပင်လယ်ငါးဖမ်းလုပ်ငန်း တွင် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများအနေဖြင့် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး များကို တိတိကျကျမဆောင်ရွက် ပေးသောကြောင့် ယခုလို မြန်မာအလုပ်သမားများ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

ထို့ကြောင့် လာရောက်လုပ်ကိုင်နေကြသော  မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်ထိုင်းအစိုးရနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးအား သေဆုံးသည့်နေ့တွင်ပင် လမ်ကင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။

 ဧပြီ လဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ နမ့်ခင်း တံငါကျေးရွာ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦးသည် ငါးအပုပ်နံ့များကြောင့် အသက်ရှူကျပ်၍  သေဆုံးခဲ့ကြောင်း သိရှိရသည်။

Author: ငြိမ်းချမ်း

7Day Daily
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာ ငါးဖမ်းလှေလုပ်သားနှစ်ဦးသည် အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
ဧပြီ ၂၆ ရက်တွင် ငါးဖမ်း လုပ်သားနှစ်ဦး ဖြစ်သော ဦးတင်ဆန်းနှင့်  ဦးမောင်ထွေးတို့သည် ငါးဖမ်းလှေ အတွင်းမှ ငါးအပုပ်များ သယ်ယူစဉ်အနံ့ဆိုး များကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားခြင်း ဖြစ်သည်။

‘‘ပင်လယ်ငါးဖမ်း လှေတွေ မှာ  အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ငါးပိ၊ ငံပြာရည်လုပ်ဖို့ အမျိုးအစားညံ့ တဲ့ငါးတွေနဲ့ မလတ်ဆတ်တော့ တဲ့ငါးတွေကို ထားတဲ့အခန်းထဲ မှာဝင်ပြီး အဲဒီငါးအပုပ်တွေ ဆင်းသယ်ကြရပါတယ်။ ရက်အကြာကြီးရေခဲမရိုက်ဘဲ ငါးတွေကိုထားတာဆိုတော့ အပုပ်နံ့ က တော် တော်ပြင်း ထန် ပါတယ်။ အဲဒီပြင်း ထန်လှတဲ့အနံ့ဆိုးတွေကြောင့် အလုပ်သမားတွေအနေနဲ့ အသက် ရှူရပ်ပြီး မကြာခဏသေဆုံးတာ မျိုးတွေဖြစ်နေပါတယ်’’ဟု ထိုင်း နိုင်ငံတောင်ပိုင်း အခြေစိုက် ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

 ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အန္တ ရာယ် ကင်းရှင်းရေး များကို တိတိကျကျမဆောင်ရွက် ပေးသောကြောင့် ယခုလို မြန်မာအလုပ်သမားများ အသက် ဆုံးရှုံးရခြင်းဖြစ်သည်။

ထို့ကြောင့် လာရောက်လုပ်ကိုင်နေကြသော  မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင်အန္တရာယ် ကင်း ရှင်းရေး အတွက်ထိုင်းအစိုးရနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးအား သေဆုံးသည့်နေ့တွင်ပင် လမ်ကင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။

 ဧပြီ လဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ နမ့်ခင်း တံငါကျေးရွာ၌ အလုပ်လုပ် ကိုင်နေသော မြန်မာ အမျိုးသားတစ်ဦးသည် ငါးအပုပ်နံ့များကြောင့် အသက်ရှူကျပ်၍  သေဆုံးခဲ့ကြောင်း သိရှိရသည်။

Author: ငြိမ်းချမ်း
7Day Daily

No comments:

Post a Comment