Monday 28 April 2014

ပဲခူးတိုင်းဒေသကြီးတွင် မိုးကြိုးပစ်ခံရ၍ ၂ ဦးသေဆုံး

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှကျေးရွာ၊ သာဝတ်္ထိရပ်ကွက်တွင် လူ(၁)ဦး မိုးကြိုးထိမှန်သေဆုံးကြောင်း သတင်းအရ မြို့လှ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရေတာရှည်မြို့နယ်၊ ဇီးဖြူတန်းကျေးရွာနေ ကျော်မျိုးကို(၂၀)နှစ်အား ၀မ်းဗိုက်/ယာပါးရိုး/ယာနားထင်/ မျက်ခုံး(၂)ခု အလယ် မီးလောင်၊ ယာချိုစောင်းပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။
စစ်ဆေးချက်အရ ကျော်မျိုးကို ပါ(၆)ဦးတို့သည် စစ်တောင်းမြစ်ကမ်းပါးအနီး ၌ ကျောက်စီခြင်း လုပ်ငန်း များ ဆောင်ရွက်နေရာမှ မိုးရွာလာသဖြင့် အနီးရှိ မြို့လှကျေးရွာ၊ သာဝတ်္ထိရပ်ကွက်နေ ဦးထွန်းလင်း၏ တဲအိမ်သို့ မိုးခိုရန်ပြေးသွားစဉ် ကျော်မျိုးကိုမှာ မိုးကြိုးထိမှန်သေဆုံးခဲ့၍ ကျန်(၅)ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရပြီး မြို့လှနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေး လျက် ရှိသည်။

အလားတူ ထိုနေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ တင်းန၀ါးကျေးရွာ အရှေ့ဘက် (၂)ဖာလုံခန့်အကွာရှိလယ်ကွင်းအတွင်း အမျိုးသမီး(၁)ဦး မိုးကြိုးထိမှန်သေဆုံးနေကြောင်း ပတ္တာကျေးရွာ အုပ် ချုပ်ရေး မှူး၏ အကြောင်းကြားချက်အရ ဇေယျဝတီနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ တင်းန၀ါးကျေးရွာနေ ဒေါ်ရှာစီးယာ(၅၁)နှစ်အား နှာခေါင်း/လည်ပင်း/၀မ်းဗိုက်/ရင်အုံတို့တွင် အရေပြားစုတ်ပြဲမီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်။ စစ်ဆေးချက်အရ ဒေါ်ရှာစီးယာမှာ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် မိုးကြိုးထိမှန်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဇေယျဝတီနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myawady News

No comments:

Post a Comment