Monday 28 April 2014

ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် သုံးစွဲပြီး အဆင့်မြှင့်တင်မည်

Photo: ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် သုံးစွဲပြီး အဆင့်မြှင့်တင်မည်
Monday, April 28, 2014

ရန်ကုန်မြို့၏ အချက်အချာ တစ်ခုဖြစ်ပြီး ခရီးသွားပြည်သူများအတွက် အဓိကနေရာ တစ်ခုဖြစ်သည့် ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် အကုန်ကျခံ အဆင့်မြှင့်တင့်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူမှု ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်ခြင်းမှာ နိုင်ငံတကာတွင် ရထားဘူတာရုံများမှာ မြို့၏ အချက်အချာ နေရာများတွင် တည်ရှိပြီး ဘူတာများတွင် ဝန်ဆောင်မှုများ ရနိုင်သည့် One Stop Service များ ရှိကြောင်း၊ ယခုကဲ့သို့ အဆင့်မြှင့်တင်ခြင်းဖြင့်လည်း နိုင်ငံတော်က နှစ်စဉ် ထောက်ပံ့ပေးနေရသည့် ကျပ် ၄၅ ဘီလီယံခန့်ကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ရထားတွဲများ၊ ရထားစက်ခေါင်းများ၊ ရထားလမ်းများကို ပြုပြင်နိုင်လာပြီး ရထားပို့ဆောင်ရေး လုပ်ငန်းလည်း အဆင့်မြင့်မားလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခု အဆင့်မြှင့်တင်တဲ့ အထဲမှာဆိုရင် ဟိုတယ်တွေ၊ Shopping Mall တွေ၊ Mini Market တွေ၊ Business Center တွေ ပါလာမယ်၊ ရထားစီး ခရီးသည်တွေအနေနဲ့ ဘူတာကြီးမှာတင် လိုအပ်သမျှကို ဝယ်ယူ လုပ်ကိုင်နိုင်ကြမှာ ဖြစ်သလို တည်ဆောက်နေတဲ့ ကာလအတွင်းမှာလည်း အလုပ်ကိုင်တွေ ရနိုင်မယ်” ဟု ဦးမြင့်သိန်းက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေနှင့် တစ်ဦးတည်း လုပ်ကိုင်နိုင်ခြင်း မရှိ၍ လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူမည် ဖြစ်ပြီး တင်ဒါမှာ ဧပြီလ ၂၇ ရက်နေ့က စတင်ကာ တစ်လကြာ ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူထားသည့် သွားလာပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာ ဦးမြင့်ဝေက ပြောကြားသည်။

တင်ဒါကို နိုင်ငံတကာ တင်ဒါ ခေါ်ယူသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ခေါ်ယူသွားမည် ဖြစ်ပြီး လျှောက်ထားသည့် ကုမ္ပဏီများကို ရှစ်လကြာ အချိန်ယူ ရွေးချယ်မည် ဖြစ်ကာ နိုဝင်ဘာလ တတိယပတ်ခန့်တွင် ရွေးချယ်မည်ဖြစ်ရာ ကုမ္ပဏီ တစ်ခုတည်းလည်း ဖြစ်နိုင်သကဲ့သို့ ယင်းထက်လည်း ပိုနိုင်ကြောင်း ၎င်းကဆိုသည်။
“အဆင့်မြင့်တဲ့နေရာမှာ လက်ရှိ ဘူတာကြီး အဆောက်အအုံကြီးကို ဖျက်ပြီးတော့ ဆောက်မှာ မဟုတ်ပါဘူး။ လက်ရှိ အဆောက်အအုံဟာ အခုတိုင်းပဲ ရှိနေမှာပါ” ဟု ဦးမြင့်ဝေက ဆိုသည်။

ရွေးချယ်ထားသည့် ကုမ္ပဏီအနေနှင့် သုံးလခန့် စီမံကိန်း အသေးစိတ်ကို ရေးဆွဲမည် ဖြစ်ကာ ၂၀၁၅ ခုနစ် မတ်လတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း အကျယ်မှာ ၆၂ ဧကရှိပြီး ယင်းဧရိယာအတွင်းမှ လူနေအိမ်များ၊ ဝန်ထမ်းအိမ်ရာများကို အခြားနေရာသို့ ပြောင်းရွှေ့စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

The Voice Weekly
ရန်ကုန်မြို့၏ အချက်အချာ တစ်ခုဖြစ်ပြီး ခရီးသွားပြည်သူများအတွက် အဓိကနေရာ တစ်ခုဖြစ်သည့် ရန်ကုန်ဘူတာကြီးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် အကုန်ကျခံ အဆင့်မြှင့်တင့်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်သည့် ရန်ကုန် ဘူတာကြီး အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူမှု ရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်ခြင်းမှာ နိုင်ငံတကာတွင် ရထားဘူတာရုံများမှာ မြို့၏ အချက် အချာ နေရာများတွင် တည်ရှိပြီး ဘူတာများတွင် ဝန်ဆောင်မှုများ ရနိုင်သည့် One Stop Service များ ရှိကြောင်း၊ ယခုကဲ့သို့ အဆင့်မြှင့်တင်ခြင်းဖြင့်လည်း နိုင်ငံတော်က နှစ်စဉ် ထောက်ပံ့ပေးနေရသည့် ကျပ် ၄၅ ဘီလီယံခန့်ကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ရထားတွဲများ၊ ရထားစက်ခေါင်းများ၊ ရထားလမ်းများကို ပြုပြင်နိုင်လာပြီး ရထားပို့ဆောင်ရေး လုပ်ငန်းလည်း အဆင့်မြင့်မားလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခု အဆင့်မြှင့်တင်တဲ့ အထဲမှာဆိုရင် ဟိုတယ်တွေ၊ Shopping Mall တွေ၊ Mini Market တွေ၊ Business Center တွေ ပါလာမယ်၊ ရထားစီး ခရီးသည်တွေအနေနဲ့ ဘူတာကြီးမှာတင် လိုအပ်သမျှကို ဝယ်ယူ လုပ်ကိုင်နိုင်ကြမှာ ဖြစ်သလို တည်ဆောက်နေတဲ့ ကာလအတွင်းမှာလည်း အလုပ်ကိုင်တွေ ရနိုင်မယ်” ဟု ဦးမြင့်သိန်းက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေနှင့် တစ်ဦးတည်း လုပ်ကိုင်နိုင်ခြင်း မရှိ၍ လုပ်ကိုင် လိုသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူမည် ဖြစ်ပြီး တင်ဒါမှာ ဧပြီလ ၂၇ ရက်နေ့ က စတင်ကာ တစ်လကြာ ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူထားသည့် သွားလာပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာ ဦးမြင့်ဝေက ပြော ကြား သည်။

တင်ဒါကို နိုင်ငံတကာ တင်ဒါ ခေါ်ယူသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ခေါ်ယူသွား မည် ဖြစ် ပြီး လျှောက် ထားသည့် ကုမ္ပဏီများကို ရှစ်လကြာ အချိန်ယူ ရွေးချယ်မည် ဖြစ်ကာ နိုဝင်ဘာလ တတိယ ပတ်ခန့် တွင် ရွေးချယ်မည်ဖြစ်ရာ ကုမ္ပဏီ တစ်ခုတည်းလည်း ဖြစ်နိုင်သကဲ့သို့ ယင်းထက်လည်း ပိုနိုင်ကြောင်း ၎င်း က ဆိုသည်။

“အဆင့်မြင့်တဲ့နေရာမှာ လက်ရှိ ဘူတာကြီး အဆောက်အအုံကြီးကို ဖျက်ပြီးတော့ ဆောက်မှာ မဟုတ်ပါ ဘူး။ လက်ရှိ အဆောက်အအုံဟာ အခုတိုင်းပဲ ရှိနေမှာပါ” ဟု ဦးမြင့်ဝေက ဆိုသည်။

ရွေးချယ်ထားသည့် ကုမ္ပဏီအနေနှင့် သုံးလခန့် စီမံကိန်း အသေးစိတ်ကို ရေးဆွဲမည် ဖြစ်ကာ ၂၀၁၅ ခုနစ် မတ်လတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း အကျယ်မှာ ၆၂ ဧကရှိပြီး ယင်းဧရိယာအတွင်းမှ လူနေအိမ်များ၊ ဝန်ထမ်းအိမ်ရာများကို အခြားနေရာသို့ ပြောင်းရွှေ့စေ မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment