Monday 28 April 2014

ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးရောက်ရှိလာကာ ပုဂံနှင့် ၀န်းကျင်ဒေသများသို့ လေ့လာလည်ပတ်မည်

Photo: ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးရောက်ရှိလာကာ ပုဂံနှင့် ၀န်းကျင်ဒေသများသို့ လေ့လာလည်ပတ်မည်
Monday, April 28, 2014

၂၀၁၄ ခုနှစ်၊ အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန်ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ဧပြီ ၂၆ ရက် ညနေပိုင်းက ရောက်ရှိခဲ့ရာ ပုဂံဒေသ အပါအ၀င် အနီးဝန်းကျင်ရှိ ချောက်ရေနံမြေ၊ စလေရုပ်စုံကျောင်း၊ ပုပ္ပားနှင့် ပခုက္ကူဒေသများအား သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ မနက်ဖြန်က ဖွင့်ပွဲအခမ်းအနားပေါ့။ ပြီးရင် နေ့ခင်းကြတော့ ပုဂံဘုရားဖူးပေါ့။ ညပိုင်းမှာတော့ ဂုဏ်ပြုညစာစားပွဲပေါ့။ ၂၉ ရက်မှာတော့ ပုပ္ပားတောင်ကလပ်၊ ပရဆေးဥယျာဉ်၊ သစ်တောဥယျာဉ်တွေ လေ့လာမှာပါ။ ပြီးရင် စခန်းပြန်၊ နောက် ၃၀ ရက်ကြတော့ ချောက် ရေနံချက်စက်ရုံတို့၊ စလေဓာတ်မြေသြဇာစက်ရုံတို့ နေ့ခင်းပိုင်းကျတော့ စလေရုပ်စုံကျောင်းတို့ လေ့လာမယ်။ နောက်တစ်ရက်ကြတော့ ပခုက္ကူ ဘုရားတွေ လေ့လာမယ်။ ပခန်းကြီးတို့ လေ့လာမယ်။ မေ ၂ ရက်နေ့မှာ စခန်းကနေ ပြန်ထွက်ပါမယ်။ နေပြည်တော်ကို သွားရမယ်” ဟု ပုဂံစခန်းမှူး ဒေါက်တာစိုးမြင့်ထွန်းက ပြောကြားသည်။ ပုဂံစခန်းအား ပုဂံအထကကျောင်းတွင် ဖွင့်လှစ်ထားပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအတွက် ဆေးခန်းကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ပုဂံစခန်းသို့ ရောက်ရှိလာသော ဘက်စုံပညာ ထူးချွန်အဖွဲ့တွင် လူရည်ချွန်ကျောင်းသား ၈၉ ဦး၊ ကျောင်းသူ ၈၇ ဦး၊ စုစုပေါင်း ၁၇၆ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများ လိုက်ပါလာပြီး ဧပြီ ၂၈ နံနက် ၆ နာရီတွင် ပုဂံရွှေဆံတော်ဘုရား အနီးတွင် စခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group  

ဘက်စုံပညာထူးချွန်စခန်း (ပုဂံ)သို့ ရောက်ရှိလာသည့် ဘက်စုံပညာထူးချွန် ကျောင်းသား/ကျောင်းသူများကို တွေ့ရစဉ်
ဘက်စုံပညာထူးချွန်စခန်း (ပုဂံ)သို့ ရောက်ရှိလာသည့် ဘက်စုံပညာထူးချွန် ကျောင်းသား/ကျောင်းသူများကို တွေ့ရစဉ်

၂၀၁၄ ခုနှစ်၊ အဋ္ဌမတန်း ဘက်စုံပညာ ထူးချွန်ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘက်စုံပညာထူးချွန်စခန်း (ပုဂံ) သို့ဧပြီ ၂၆ ရက် ညနေပိုင်းက ရောက်ရှိခဲ့ရာ ပုဂံဒေသ အပါအ၀င် အနီးဝန်းကျင်ရှိ ချောက်ရေနံမြေ၊ စလေရုပ်စုံကျောင်း၊ ပုပ္ပားနှင့် ပခုက္ကူဒေသများအား သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ မနက်ဖြန်က ဖွင့်ပွဲအခမ်းအနားပေါ့။ ပြီးရင် နေ့ခင်းကြတော့ ပုဂံဘုရားဖူးပေါ့။ ညပိုင်းမှာတော့ ဂုဏ်ပြုညစာစားပွဲပေါ့။ ၂၉ ရက်မှာတော့ ပုပ္ပားတောင်ကလပ်၊ ပရဆေးဥယျာဉ်၊ သစ်တော ဥယျာဉ်တွေ လေ့လာမှာပါ။ ပြီးရင် စခန်းပြန်၊ နောက် ၃၀ ရက်ကြတော့ ချောက် ရေနံချက်စက်ရုံတို့၊ စလေဓာတ်မြေသြဇာစက်ရုံတို့ နေ့ခင်းပိုင်းကျတော့ စလေရုပ်စုံကျောင်းတို့ လေ့လာမယ်။ နောက် တစ်ရက် ကြတော့ ပခုက္ကူ ဘုရားတွေ လေ့လာမယ်။ ပခန်းကြီးတို့ လေ့လာမယ်။ မေ ၂ ရက်နေ့မှာ စခန်း ကနေ ပြန်ထွက်ပါမယ်။ နေပြည်တော်ကို သွားရမယ်” ဟု ပုဂံစခန်းမှူး ဒေါက်တာစိုးမြင့်ထွန်းက ပြောကြား သည်။ ပုဂံစခန်းအား ပုဂံအထကကျောင်းတွင် ဖွင့်လှစ်ထားပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအတွက် ဆေးခန်းကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ပုဂံစခန်းသို့ ရောက်ရှိလာသော ဘက်စုံပညာ ထူးချွန်အဖွဲ့တွင် လူရည်ချွန်ကျောင်းသား ၈၉ ဦး၊ ကျောင်းသူ ၈၇ ဦး၊ စုစုပေါင်း ၁၇၆ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများ လိုက်ပါလာပြီး ဧပြီ ၂၈ နံနက် ၆ နာရီတွင် ပုဂံရွှေဆံတော်ဘုရား အနီးတွင် စခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group 

No comments:

Post a Comment