Monday 28 April 2014

ဒေါ်လာသန်းဝက် ကိုယ်မှာဝှက်လာ

Photo: ဒေါ်လာသန်းဝက် ကိုယ်မှာဝှက်လာ
Monday, April 28, 2014 

တရုတ်ပြည်မကြီးမှဒေါ်လာ မှောင်ခိုသမားတစ်ယောက်သည် တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှ တစ်ဆင့်ဟောင်ကောင်သို့အမှောင် ထုကို အကာအကွယ်ယူပြီး ညဥ့် နက်သန်းခေါင်ယံအချိန်တွင် နယ် စပ်ဂိတ်ကိုဖြတ်ကျော်ဝင်ရောက် ရန်  ကြိုးပမ်းခဲ့သည်။  နှစ်နိုင်ငံ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ 'Shataukok' နယ်စပ်ဂိတ်သို့ ရောက်ရှိစဉ်အကောက်ခွန်အရာရှိ များက ၎င်းနှင့်အတူပါလာသည့် ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားစဉ် ထွက်ပြေးသဖြင့် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသည့်နယ်စပ်ဒေသ စစ်ဆေးရေးကွပ်ကဲမှုတပ်ဖွဲ့ဝင်များ က ““မပြေးနဲ့ ပြေးရင်ပစ်မယ်”” ဟု ပြောကြားခဲ့ရပြီး လက်ရဖမ်းဆီး နိုင်ခဲ့သည်။ 

ဖမ်းဆီးရမိပြီး၎င်းကိုစစ်ဆေး ရာ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအုပ်များကို ခြေ မျက်စိမှ ဒူးခေါင်းထိပလတ်စတစ် တိပ်ဖြင့် စနစ်တကျပတ်စည်းပြီး အပေါ်မှ ဂျင်း'(Jean) ဘောင်းဘီ ရှည်ဖြင့်ဝတ်ပြီး သယ်ဆောင်လာ သည်ကို စစ်ဆေးတွေ့ရှိသည်။ ထို့ အပြင်၎င်း၏ကိုယ်ပေါ်တွင်လည်း အမေရိကန်ဒေါ်လာ ၁၀၀ တန် အုပ်များကိုကိုယ်မှာပတ်လာသည် ကို တွေ့ရသည်။ အဆိုပါငွေစုစု ပေါင်းမှာ ဒေါ်လာ ၅၈၀,၀၀၀ (ဒေါ်လာသန်းထက်ဝက်ကျော်) ရှိသည်။ တရုတ်ဥပဒေအရ နိုင်ငံ သားတစ်ယောက်သည် အမေရိ ကန်ဒေါ်လာ ၅,၀၀၀ အထိသာ ကိုင်ဆောင်ခွင့်ရှိပြီး ထိုငွေထက် ပို၍ လက်ဝယ်တွေ့ရှိပါက ပြစ်မှု ကြီးမြောက်သည်ဟု သတ်မှတ် ထားသည်။ ဤသတင်းကို နိုင်ငံ ပိုင်သတင်းဌာနက “အင်မတန် စိုးရိမ်စရာကောင်းတဲ့ မသမာမှု ကြီး” (Extraordinarily Serious) ဟု ကြေညာသွားကြောင်း သိရ သည်။     

Hot News
တရုတ်ပြည်မကြီးမှဒေါ်လာ မှောင်ခိုသမားတစ်ယောက်သည် တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှ တစ်ဆင့်ဟောင်ကောင်သို့ အမှောင် ထုကို အကာအကွယ်ယူပြီး ညဥ့် နက်သန်းခေါင်ယံအချိန်တွင် နယ် စပ်ဂိတ်ကိုဖြတ်ကျော်ဝင်ရောက်ရန်  ကြိုးပမ်းခဲ့သည်။  နှစ်နိုင်ငံ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ 'Shataukok' နယ်စပ် ဂိတ်သို့ ရောက်ရှိစဉ်အကောက်ခွန်အရာရှိ များက ၎င်းနှင့်အတူပါလာသည့် ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားစဉ် ထွက်ပြေးသဖြင့် နိုင်ငံတော်လုံခြုံရေး တာဝန် ထမ်း ဆောင်နေကြသည့်နယ်စပ်ဒေသ စစ်ဆေးရေးကွပ်ကဲမှုတပ်ဖွဲ့ဝင်များ က ““မပြေးနဲ့ ပြေးရင်ပစ်မယ်”” ဟု ပြောကြားခဲ့ရပြီး လက်ရဖမ်းဆီး နိုင်ခဲ့သည်။
ဖမ်းဆီးရမိပြီး၎င်းကိုစစ်ဆေး ရာ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအုပ်များကို ခြေ မျက်စိမှ ဒူးခေါင်း ထိပလတ်စတစ် တိပ်ဖြင့် စနစ်တကျပတ်စည်းပြီး အပေါ်မှ ဂျင်း'(Jean) ဘောင်းဘီ ရှည်ဖြင့်ဝတ်ပြီး သယ်ဆောင်လာ သည်ကို စစ်ဆေးတွေ့ရှိသည်။ ထို့ အပြင်၎င်း၏ကိုယ်ပေါ်တွင်လည်း အမေရိကန်ဒေါ်လာ ၁၀၀ တန် အုပ်များကိုကိုယ်မှာပတ်လာသည် ကို တွေ့ရသည်။ အဆိုပါငွေစုစု ပေါင်းမှာ ဒေါ်လာ ၅၈၀,၀၀၀ (ဒေါ်လာ သန်းထက်ဝက်ကျော်) ရှိသည်။ တရုတ်ဥပဒေအရ နိုင်ငံ သားတစ်ယောက်သည် အမေရိ ကန်ဒေါ်လာ ၅,၀၀၀ အထိသာ ကိုင်ဆောင်ခွင့်ရှိပြီး ထိုငွေထက် ပို၍ လက်ဝယ်တွေ့ရှိပါက ပြစ်မှု ကြီးမြောက် သည်ဟု သတ်မှတ် ထားသည်။ ဤသတင်းကို နိုင်ငံ ပိုင်သတင်းဌာနက “အင်မတန် စိုးရိမ် စရာကောင်းတဲ့ မသမာမှု ကြီး” (Extraordinarily Serious) ဟု ကြေညာသွားကြောင်း သိရ သည်။    

Hot News

No comments:

Post a Comment