Monday 28 April 2014

တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု ဝန်ကြီးချုပ် နုတ်ထွက်စာတင်

Photo: တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု ဝန်ကြီးချုပ် နုတ်ထွက်စာတင်
Monday, April 28, 2014

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်းဝမ်သည် ကူးတို့သင်္ဘောနစ်မြုပ်မှု အား အစိုးရ၏ကိုင်တွယ်မှုအပေါ် ဝေဖန်မှုများထွက်ပေါ်နေစဉ် ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း စနေနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

မစ္စတာချောင်သည် အဆိုပါဘေးဒုက္ခကို ကိုင်တွယ်ဖြေရှင်းပြီးသည်အထိ ဝန်ကြီးချုပ်ရာထူး၌ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

''ဆီးဝိုးလ်''ကူးတို့သင်္ဘောသည် ကျောင်းသား၊ကျောင်းသူ အများစု ပါဝင် သော လူဦးရေ ၄၇၆ ဦးဖြင့် တောင်ကိုရီးယားကမ်းလွန်၌ ဧပြီ ၁၆ ရက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ပတ်ခ်ဂွန်းမားသည် ဝန်ကြီးချုပ်၏နုတ်ထွက်စာကို လက်ခံခဲ့သော်လည်း တာဝန်ထမ်းဆောင်ရမည့် နောက်ဆုံးရက်ကိုမူ သတ်မှတ်ပေးခြင်းမရှိပေ။ သို့သော် ယင်းပြဿ နာကိုဖြေရှင်းပြီးလျှင် ဝန်ကြီးချုပ်သည် ရာထူးမှစွန့်ခွာမည်ဖြစ်ကြောင်း တောင် ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

သင်္ဘောနစ်မြုပ်ပြီးနောက်နေ့တွင် ဝန်ကြီးချုပ်သည် ဝမ်းနည်းကြေကွဲနေကြသော မိသားစုများထံသို့ သွားရောက်အားပေးစကားပြောကြားသောအခါ ၄င်းမှာ လူအများ၏ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံရသည့်အပြင် ရေသန့်ဘူးတစ်ဘူးဖြင့် ပစ်ပေါက်ခြင်းကိုလည်းခံခဲ့ရသည်။

ရေယာဉ်ဝန်ထမ်းများအားဖမ်းဆီး

ကူးတို့သင်္ဘော ဆီးဝိုးလ်မှ သင်္ဘောသား၁၅ ဦးကို ယခုအချိန်တွင် ဖမ်းဆီးထားပြီးဖြစ်ကြောင်း င်းတို့သည် ဂရုမစိုက်သည့်ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ရင်ဆိုင်ရမည်ဟုဆိုသည်။

အစိုးရရှေ့နေများက ကျန်ရှိနေသော သင်္ဘောသားလေးဦးကို ဖမ်းဆီးခွင့် အမိန့်ထုတ်ပေးရန် မေတ္တာ ရပ်ခံခဲ့သည်။ ရေယာဉ်မှူးကြီး အပါအဝင် အခြား ၁၁ ဦးကို စောစောပိုင်းကာလကပင် ဖမ်းဆီးထားခဲ့ပြီးဖြစ် သည်။

၎င်းသင်္ဘောသား ၁၅ ဦးတို့သည် ခရီးသည်များအား ကူညီရန်ပျက်ကွက်ခဲ့ခြင်းနှင့် ဂရုမစိုက်ခြင်းတို့သည် ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားကြောင်း အစိုးရရှေ့နေများက ပြောသည်။

ဘီဘီစီ
တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်းဝမ်သည် ကူးတို့သင်္ဘောနစ်မြုပ်မှု အား အစိုးရ၏ကိုင်တွယ်မှု အပေါ် ဝေဖန်မှုများထွက်ပေါ်နေစဉ် ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း စနေနေ့ ဘီဘီစီသတင်း တွင် ဖော်ပြ သည်။
မစ္စတာချောင်သည် အဆိုပါဘေးဒုက္ခကို ကိုင်တွယ်ဖြေရှင်းပြီးသည်အထိ ဝန်ကြီးချုပ်ရာထူး၌ ဆက်လက် ရှိနေ ဦး မည်ဖြစ်သည်။

''ဆီးဝိုးလ်''ကူးတို့သင်္ဘောသည် ကျောင်းသား၊ကျောင်းသူ အများစု ပါဝင် သော လူဦးရေ ၄၇၆ ဦးဖြင့် တောင် ကိုရီးယားကမ်းလွန်၌ ဧပြီ ၁၆ ရက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ပတ်ခ်ဂွန်းမားသည် ဝန်ကြီးချုပ်၏နုတ်ထွက်စာကို လက်ခံခဲ့သော်လည်း တာဝန်ထမ်းဆောင်ရ မည့် နောက်ဆုံးရက်ကိုမူ သတ်မှတ်ပေးခြင်းမရှိပေ။ သို့သော် ယင်းပြဿ နာကိုဖြေရှင်းပြီးလျှင် ဝန်ကြီးချုပ်သည် ရာထူးမှစွန့်ခွာမည်ဖြစ်ကြောင်း တောင် ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

သင်္ဘောနစ်မြုပ်ပြီးနောက်နေ့တွင် ဝန်ကြီးချုပ်သည် ဝမ်းနည်းကြေကွဲနေကြသော မိသားစုများထံသို့ သွားရောက်အားပေးစကားပြောကြားသောအခါ ၄င်းမှာ လူအများ၏ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံရသည့်အပြင် ရေသန့်ဘူးတစ်ဘူးဖြင့် ပစ်ပေါက်ခြင်းကိုလည်းခံခဲ့ရသည်။

ရေယာဉ်ဝန်ထမ်းများအားဖမ်းဆီး
ကူးတို့သင်္ဘော ဆီးဝိုးလ်မှ သင်္ဘောသား၁၅ ဦးကို ယခုအချိန်တွင် ဖမ်းဆီးထားပြီးဖြစ်ကြောင်း င်းတို့သည် ဂရုမစိုက်သည့်ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ရင်ဆိုင်ရမည်ဟုဆိုသည်။

အစိုးရရှေ့နေများက ကျန်ရှိနေသော သင်္ဘောသားလေးဦးကို ဖမ်းဆီးခွင့် အမိန့်ထုတ်ပေးရန် မေတ္တာ ရပ်ခံခဲ့သည်။ ရေယာဉ်မှူးကြီး အပါအဝင် အခြား ၁၁ ဦးကို စောစောပိုင်းကာလကပင် ဖမ်းဆီးထားခဲ့ပြီးဖြစ် သည်။

၎င်းသင်္ဘောသား ၁၅ ဦးတို့သည် ခရီးသည်များအား ကူညီရန်ပျက်ကွက်ခဲ့ခြင်းနှင့် ဂရုမစိုက်ခြင်းတို့သည် ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားကြောင်း အစိုးရရှေ့နေများက ပြောသည်။

ဘီဘီစီ

No comments:

Post a Comment