Monday 28 April 2014

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်လိုသည့် အခွန်ထမ်းများလည်း ဆက်သွယ်ဆောင်ရွက်နိုင်

Photo: အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်လိုသည့် အခွန်ထမ်းများလည်း ဆက်သွယ်ဆောင်ရွက်နိုင်
Monday, April 28, 2014

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသော်လည်း အခွန်ထမ်းများအနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ အကြီးဆုံး အခွန်ထမ်းများအတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပြီး သယံဇာတ တူးဖော်ထုတ်ယူရေး၊ ဆက်သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းများ၊ ကုမ္ပဏီအုပ်စုများ၊ အများပိုင်ကုမ္ပဏီများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကဲ့သို့ သီးသန့်လုပ်ငန်း ကဏ္ဍများကို အဆိုပါအခွန်ရုံးတွင် အခွန်ဆောင်ရန် ရွေးချယ်သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်ပေးရမည့် အခွန်ဝန်ထမ်းများကို ၂၀၁၄ ခုနှစ် မေ ၃၀ ရက် နောက်ဆုံးထားကာ အဆိုပါရုံးမှ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသည့် အခွန်ထမ်းများအနေနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါကလည်း သတ်မှတ်ပုံစံနှင့်အတူ နောက်ဆုံးဆောင်ရွက်ခဲ့သည့် စာရင်းစစ်ထားပြီးဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ ပူးတွဲလျက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ ၂၀၁၄ ခုနှစ် မေ ၉ ရက် နောက်ဆုံးထား တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အဆိုပါ လျှောက်ထားလွှာကို သုံးသပ်ပြီး လျှောက်ထားလာသည့် အခွန်ထမ်းကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ အခွန်ထမ်းအဖြစ် သတ်မှတ်မည် သို့မဟုတ် မူလအခွန် ထမ်းဆောင်နေသည့်ရုံးတွင်ပင် ဆက်လက်ဆောင်ရွက်စေမည် သို့မဟုတ် အခွန်ထမ်းသစ်ဖြစ်ပါက မည်သည့်ရုံးတွင် အခွန်ထမ်းဆောင်ရမည်ကို အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် (၁၂၈-၁၃၂) တွင် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန် ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

Eleven Media Group  

ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ကို တွေ့ရစဉ် 
ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ကို တွေ့ရစဉ်
အခွန် ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသော်လည်း အခွန်ထမ်းများ အနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရှိ အကြီးဆုံး အခွန်ထမ်းများအတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပြီး သယံဇာတ တူးဖော်ထုတ်ယူရေး၊ ဆက် သွယ်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းများ၊ ကုမ္ပဏီအုပ်စုများ၊ အများပိုင် ကုမ္ပဏီများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကဲ့သို့ သီးသန့်လုပ်ငန်း ကဏ္ဍများကို အဆိုပါအခွန်ရုံးတွင် အခွန်ဆောင်ရန် ရွေးချယ်သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်ပေးရမည့် အခွန်ဝန်ထမ်းများကို ၂၀၁၄ ခုနှစ် မေ ၃၀ ရက် နောက်ဆုံးထားကာ အဆိုပါရုံးမှ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆက်သွယ်အကြောင်းကြားခြင်း မရှိသည့် အခွန်ထမ်းများအနေနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် မိမိဆန္ဒအလျောက် အခွန်တာဝန် ထမ်းဆောင်လိုပါကလည်း သတ်မှတ်ပုံစံနှင့်အတူ နောက် ဆုံးဆောင်ရွက်ခဲ့သည့် စာရင်းစစ်ထားပြီးဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ ပူးတွဲလျက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ ၂၀၁၄ ခုနှစ် မေ ၉ ရက် နောက်ဆုံးထား တင်ပြလျှောက် ထားနိုင်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အဆိုပါ လျှောက်ထားလွှာကို သုံးသပ်ပြီး လျှောက်ထားလာသည့် အခွန်ထမ်းကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ အခွန်ထမ်းအဖြစ် သတ်မှတ်မည် သို့မဟုတ် မူလအခွန် ထမ်းဆောင်နေသည့်ရုံးတွင်ပင် ဆက်လက်ဆောင်ရွက်စေမည် သို့မဟုတ် အခွန်ထမ်းသစ်ဖြစ် ပါက မည်သည့်ရုံးတွင် အခွန်ထမ်းဆောင်ရမည်ကို အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ရန်ကုန် တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် (၁၂၈-၁၃၂) တွင် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန် ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment