Monday 28 April 2014

ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်

Photo: ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်
Monday, April 28, 2014

ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည်
ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။

ယူကရိန်း နယ်စပ်တွင် ရုရှားတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်မှုများ စတင် ပြုလုပ်ခဲ့ခြင်းသည် ၎င်းတပ်ဖွဲ့ များက ယူကရိန်းနိုင်ငံတွင်းသို့ ကျူးကျော်တိုက်ခိုက်နိုင်ဖွယ် ရှိသည်ဟူသော အလားအလာများကို မြင့်တက် စေခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ဧပြီ ၂၅ ရက်က ရွှေဈေး ထပ်မံ၍ မြင့်တက်ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ဧပြီ ၂၄ ရက်က ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၈ ဒသမ ၂၄ ဒေါ်လာ ဖြစ်ပြီး ဧပြီ ၂၅ ရက်က အမေရိကန်ဒေါ်လာ ၁၃ဝ၃ ဒသမ ၃ ဒေါ်လာသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်း၊ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ အကြားရှိ တင်းမာမှုများ ဆက်လက် မြင့်တက်ခဲ့ပါက ဇွန်လတွင် ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝ၄ ဒသမ ၄ ဒေါ်လာအထိ ထပ်မံ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ ဟိုဝပ်ဒ်ဝမ်က ပြောကြားသည်။

မြ၀တီ
ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။
ယူကရိန်း နယ်စပ်တွင် ရုရှားတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်မှုများ စတင် ပြုလုပ်ခဲ့ခြင်းသည် ၎င်းတပ်ဖွဲ့ များက ယူကရိန်းနိုင်ငံတွင်းသို့ ကျူးကျော်တိုက်ခိုက်နိုင်ဖွယ် ရှိသည်ဟူသော အလားအလာများကို မြင့် တက် စေခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ဧပြီ ၂၅ ရက်က ရွှေဈေး ထပ်မံ၍ မြင့်တက်ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ဧပြီ ၂၄ ရက်က ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၈ ဒသမ ၂၄ ဒေါ်လာ ဖြစ်ပြီး ဧပြီ ၂၅ ရက်က အမေရိကန်ဒေါ်လာ ၁၃ဝ၃ ဒသမ ၃ ဒေါ်လာသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်း၊ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ အကြားရှိ တင်းမာမှုများ ဆက် လက် မြင့် တက်ခဲ့ပါက ဇွန်လတွင် ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝ၄ ဒသမ ၄ ဒေါ်လာအထိ ထပ်မံ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ ဟိုဝပ်ဒ်ဝမ် က ပြော ကြား သည်။

မြ၀တီ

No comments:

Post a Comment