Monday 28 April 2014

သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ရောင်းချမည့် မြေဈေးကို လက်ရှိတွင် ညှိနှိုင်းဆဲဖြစ်ပြီး ဒေသတွင်းနိုင်ငံများ၏ မြေကွက်ပေါက်ဈေးနှင့် ချိန်ဆကာ သင့်တော်မည့်နှုန်းထားများဖြင့် ရောင်းချမည်

Photo: သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ရောင်းချမည့် မြေဈေးကို လက်ရှိတွင် ညှိနှိုင်းဆဲဖြစ်ပြီး ဒေသတွင်းနိုင်ငံများ၏ မြေကွက်ပေါက်ဈေးနှင့် ချိန်ဆကာ သင့်တော်မည့်နှုန်းထားများဖြင့် ရောင်းချမည်
Monday, April 28, 2014

သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ရောင်းချမည့် မြေဈေးများကို လက်ရှိတွင် ညှိနှိုင်းဆဲဖြစ်ကာ ဒေသတွင်းနိုင်ငံများ၏ မြေကွက်ပေါက်ဈေးနှင့် ချိန်ဆကာ သင့်တော်မည့်နှုန်းထားများဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း သီလ၀ါရှယ်ယာ ရောင်းချခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်းရှိ မြေများကို လာမည့်မေလအတွင်းတွင် ရောင်းချရန် စီစဉ်ထားပြီး ဈေးနှုန်းအတိအကျကိုမူ ထုတ်ပြန်သေးခြင်း မရှိသေးဘဲ ဒေသတွင်းနိုင်ငံများ၏ ဈေးနှုန်းများနှင့် ချင့်ချိန်၍ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။

“မြေကွက်က ဈေးနှုန်းများမလား၊ နည်းမလားဆိုတာ မသိသေးဘူး။ နည်းရင်လည်း နည်းနိုင်တယ်။ များရင်လည်း များနိုင်တယ်။ Regional Price တွေနဲ့ ဒေသတွင်း Price တွေနဲ့ ယှဉ်ထားတာဖြစ်တယ်။ ဒေသတွင်း ဈေးနှုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် အခြားဒေသတွေမှာ ဥပမာ-ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့လို နိုင်ငံတွေမှာ ဘယ်လိုဈေးနှုန်းမျိုးနဲ့ ရောင်းလဲပေါ့။ ဒါပေမဲ့ အဲဒီ Regional Price နဲ့ယှဉ်ရင် အချို့နေရာက ဈေးနှုန်းတွေက များကောင်းများနိုင်မယ်။ အချို့နေရာက  ဈေးနှုန်းတွေနဲ့ယှဉ်ရင် နည်းကောင်းနည်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာက ဈေးကစားမှု Speculation တွေ အရမ်းဖြစ်ပြီးတော့ ဘယ်နေရာမှမရှိတဲ့ ဈေးမျိုးတွေ ဖြစ်နေတာကို တွေ့ရတယ်။ အချို့ မြို့ထဲကနေရာမှာဆိုရင် ဂျပန်နိုင်ငံ တိုကျိုမြို့လယ်မှာရှိတဲ့ ဈေးနှုန်းတွေထက် ပိုကြီးနေတာကို တွေ့ရတယ်” ဟု ဦးဆက်အောင်က ဆိုသည်။

ထို့အပြင် သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် စက်ရုံများအတွက်လည်း ရေပေးဝေနိုင်ရန်နှင့် လျှပ်စစ်မီးပေးနိုင်ရန်အတွက် သီလ၀ါ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူက ရေဆိုးသန့်စင်စက်ရုံများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် စက်ရုံများ အနေဖြင့်လည်း စီးပွားရေး စီမံကိန်းတစ်ခုလုံး၏ Business Plan ကို တင်ပြရမည်ဖြစ်ကာ စည်းကမ်းချက်နှင့် ကိုက်ညီသည့် အဆိုပြုသူများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီးပွားရေးဇုန်သုံးခုတွင် အပါအ၀င်ဖြစ်သည့် သီလ၀ါ အထူးစီးပွားရေးဇုန်သည် ယခုနှစ်တွင်းက သီလ၀ါ ရှယ်ယာများကို စတင်ရောင်းချခဲ့ပြီး ရောင်းချနိုင်သည့် ပမာဏထက် နှစ်ဆကျော်လွန်ကာ ရှယ်ယာဝယ်ယူရန် အဆိုပြုသူ များပြားခဲ့သည်။

Eleven Media Group  

နီလာ၊သက်ထား၊အေးမြတ်မွန် သီလ၀ါစီးပွားရေး ဇုန် ပတ်ဝန်းကျင် ရှိ မြေနေရာ များအား တွေ့ရစဉ်
နီလာ၊သက်ထား၊အေးမြတ်မွန် သီလ၀ါစီးပွားရေး ဇုန် ပတ်ဝန်းကျင် ရှိ မြေနေရာ များအား တွေ့ရစဉ်
သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ရောင်းချမည့် မြေဈေးများကို လက်ရှိတွင် ညှိနှိုင်းဆဲဖြစ် ကာ ဒေသ တွင်းနိုင်ငံများ၏ မြေကွက်ပေါက်ဈေးနှင့် ချိန်ဆကာ သင့်တော်မည့်နှုန်းထားများဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း သီလ၀ါရှယ်ယာ ရောင်းချခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်းရှိ မြေများကို လာမည့်မေလအတွင်းတွင် ရောင်းချရန် စီစဉ် ထားပြီး ဈေးနှုန်းအတိအကျကိုမူ ထုတ်ပြန်သေးခြင်း မရှိသေးဘဲ ဒေသတွင်းနိုင်ငံများ၏ ဈေးနှုန်းများနှင့် ချင့်ချိန်၍ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော် မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။

“မြေကွက်က ဈေးနှုန်းများမလား၊ နည်းမလားဆိုတာ မသိသေးဘူး။ နည်းရင်လည်း နည်းနိုင်တယ်။ များရင် လည်း များနိုင်တယ်။ Regional Price တွေနဲ့ ဒေသတွင်း Price တွေနဲ့ ယှဉ်ထားတာဖြစ် တယ်။ ဒေသတွင်း ဈေးနှုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် အခြားဒေသတွေမှာ ဥပမာ-ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့လို နိုင်ငံတွေမှာ ဘယ်လိုဈေးနှုန်းမျိုးနဲ့ ရောင်းလဲပေါ့။ ဒါပေမဲ့ အဲဒီ Regional Price နဲ့ယှဉ်ရင် အချို့နေရာက ဈေးနှုန်းတွေက များကောင်းများနိုင်မယ်။ အချို့နေရာက  ဈေးနှုန်းတွေနဲ့ယှဉ်ရင် နည်းကောင်းနည်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာက ဈေးကစားမှု Speculation တွေ အရမ်းဖြစ်ပြီးတော့ ဘယ်နေရာမှမရှိတဲ့ ဈေးမျိုးတွေ ဖြစ်နေတာကို တွေ့ရတယ်။ အချို့ မြို့ထဲကနေရာမှာ ဆိုရင် ဂျပန်နိုင်ငံ တိုကျိုမြို့လယ်မှာရှိတဲ့ ဈေးနှုန်းတွေထက် ပိုကြီးနေတာကို တွေ့ရတယ်” ဟု ဦးဆက်အောင် က ဆိုသည်။

ထို့အပြင် သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် စက်ရုံများအတွက်လည်း ရေပေးဝေနိုင် ရန်နှင့် လျှပ်စစ်မီးပေးနိုင်ရန်အတွက် သီလ၀ါ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူက ရေဆိုးသန့်စ င်စက်ရုံများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် စက်ရုံများ အနေဖြင့်လည်း စီးပွားရေး စီမံကိန်းတစ်ခုလုံး၏ Business Plan ကို တင်ပြရမည်ဖြစ်ကာ စည်းကမ်းချက်နှင့် ကိုက်ညီသည့် အဆိုပြုသူများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီးပွားရေးဇုန်သုံးခုတွင် အပါအ၀င်ဖြစ်သည့် သီလ၀ါ အထူးစီးပွားရေးဇုန်သည် ယခုနှစ်တွင်းက သီလ၀ါ ရှယ်ယာများကို စတင်ရောင်းချခဲ့ပြီး ရောင်းချနိုင် သည့် ပမာဏထက် နှစ်ဆကျော်လွန်ကာ ရှယ်ယာဝယ်ယူရန် အဆိုပြုသူ များပြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment