Monday 28 April 2014

သမ္မတဦးသိန်းစိန်အား ကင်းထောက်မောင်မယ်များ သွားရောက်တွေ့ဆုံမည်

Photo: သမ္မတဦးသိန်းစိန်အား ကင်းထောက်မောင်မယ်များ သွားရောက်တွေ့ဆုံမည်
Monday, April 28, 2014

ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကျောင်းသူ ကျောင်းသား(၄၉၀) ဦး ပါဝင်သော ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲအားပြင်ဦးလွင်စခန်းတွင် (ယနေ့)
ဧပြီ ၂၈ရက်မှမေ၂ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွေ့ဆုံပွဲပြီးပါက 
မေ ၃ ရက်နှင့် ၄ ရက်နေ့၌သမ္မတဦးသိန်းစိန်အား သွားရောက် တွေ့ဆုံ
မည့်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။

၎င်းကင်းထောက်မောင်မယ်တွေ့ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အမှတ်(၁)၊အမှတ်(၂)၊ အမှတ်(၃)၊ အခြေခံအထက်တန်းကျောင်းများကဆဌ္ဓမတန်း၊သတ္တမ
တန်း ကျောင်းသူ ကျောင်းသား ၄၉၀ဦးပါဝင်မှာ ဖြစ်သည်။

“ပြင်ဦးလွင်စခန်းမှာ ပြုလုပ်မယ် ကင်းထောက်မောင်မယ်တွေ့ဆုံပွဲဟာ မြန်မာတပြည်လုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို တွေ့ဆုံပေး
တာဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုရအောင်ပေါ့။နောက်တစ်ခုက သူတို့လေးတွေရဲ့စိတ်ထဲမှာ အများအကျိုးလုပ်ဆောင်ချင်တဲ့စိတ်ကလေးတွေ
ဖြစ်ပေါ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီတွေ့ဆုံပွဲကိုလုပ်တာပါ။ နောက်တစ်ချိန်ကျရင် သူတို့အားလုံးဟာ အနာဂတ်လူစွမ်းကောင်း တွေဖြစ်လာမယ်။

တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေလဲ ဆွေးနွေးဖလှယ်သွားလို့ရတယ်”ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်
က ပြောသည်။

ကင်းထောက်မောင်မယ်တွေ့ဆုံပွဲအား ဧပြီ ၂၈ ရက်မှ မေ၂ ရက်အထိပြုလုပ်
သွားမည်ဖြစ်ပြီး ယင်းအချိန်အတွင်း၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အဖွဲ့
(၅)ဖွဲ့ခွဲကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းနေရာများမှ လူ့ကန်သာဘုရား
တွင် တံမြက်စီးလှဲခြင်း၊ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအားပြုစုစောင့်
ရှောက်ခြင်း၊ မျက်မမြင်ကျောင်းများတွင် ဝေယျာဝစ္စပြုလုပ်ခြင်း၊ကျောင်း
များ၌သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊သစ်ပင်စိုက်ခြင်းစသည့် ပြည်သူ့
အကျိုးပြုလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းနောက် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားသဘာဝဥယျာဉ်တွင်လေ့
လာရေးခရီးစဉ်အနေနဲ့ ဗဟုသုတများရှာဖွေ သွားမည်ဖြစ်ပြီး မေ ၂ ရက်၌
နေပြည်တော်စုပေါင်းစခန်းသို့သွားရောက်ကာဘက်စုံထူးချွန်လူငယ်များ၊ထူးချွန်
ကြက်ခြေနီလူငယ်များတို့ဖြင့်ပူးပေါင်း၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
အား သွားရောက်တွေ့စုံမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ဆက်လက်ပြောပြသည်။

ယင်းကင်းထောက်မောင်မယ်တွေ့ဆုံပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမ
အကြိမ်တွေ့ဆုံပွဲအား၂၀၁၃၊ဧပြီလ၌ပင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age
ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကျောင်းသူ ကျောင်းသား(၄၉၀) ဦး ပါဝင်သော ကင်းထောက် မောင်မယ် များ တွေ့ဆုံပွဲအားပြင်ဦးလွင်စခန်းတွင် (ယနေ့) ဧပြီ ၂၈ရက်မှမေ၂ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွေ့ ဆုံပွဲပြီးပါက မေ ၃ ရက်နှင့် ၄ ရက်နေ့၌သမ္မတဦးသိန်းစိန်အား သွားရောက် တွေ့ဆုံ မည့်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။
၎င်းကင်းထောက်မောင်မယ်တွေ့ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အမှတ်(၁)၊အမှတ်(၂)၊ အမှတ်(၃)၊ အခြေခံအထက်တန်းကျောင်းများကဆဌ္ဓမတန်း၊ သတ္တမတန်း ကျောင်းသူ ကျောင်းသား ၄၉၀ဦးပါဝင် မှာ ဖြစ်သည်။

“ပြင်ဦးလွင်စခန်းမှာ ပြုလုပ်မယ် ကင်းထောက်မောင်မယ်တွေ့ဆုံပွဲ ဟာ မြန်မာတပြည်လုံးမှာရှိ တဲ့ ကျောင်း သား ကျောင်းသူတွေကို တွေ့ဆုံပေးတာဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုရအောင်ပေါ့။နောက်တစ်ခုက သူတို့လေးတွေရဲ့စိတ်ထဲမှာ အများအကျိုး လုပ်ဆောင်ချင်တဲ့စိတ်ကလေးတွေ ဖြစ်ပေါ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီတွေ့ဆုံပွဲကို လုပ်တာ ပါ။ နောက် တစ်ချိန် ကျရင် သူတို့အားလုံးဟာ အနာဂတ်လူစွမ်းကောင်း တွေဖြစ်လာမယ်။

တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေလဲ ဆွေးနွေးဖလှယ်သွားလို့ရတယ်”ဟု အမှတ်(၃)အခြေခံ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် က ပြောသည်။

ကင်းထောက်မောင်မယ်တွေ့ဆုံပွဲအား ဧပြီ ၂၈ ရက်မှ မေ၂ ရက်အထိပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအချိန် အတွင်း၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အဖွဲ့ (၅)ဖွဲ့ခွဲကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းနေရာများမှ လူ့ကန်သာဘုရားတွင် တံမြက်စီးလှဲခြင်း၊ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအားပြုစုစောင့် ရှောက်ခြင်း၊ မျက်မမြင်ကျောင်းများတွင် ဝေယျာဝစ္စပြုလုပ်ခြင်း၊ကျောင်းများ၌သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊သစ်ပင်စိုက်ခြင်း စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းနောက် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားသဘာဝဥယျာဉ်တွင်လေ့လာရေး ခရီးစဉ်အနေနဲ့ ဗဟုသုတ များရှာဖွေ သွားမည်ဖြစ်ပြီး မေ ၂ ရက်၌ နေပြည်တော်စုပေါင်းစခန်းသို့ သွားရောက်ကာ ဘက်စုံ ထူးချွန်လူငယ်များ၊ထူးချွန် ကြက်ခြေနီလူငယ်များတို့ဖြင့်ပူးပေါင်း၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အား သွားရောက်တွေ့စုံမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ဆက်လက်ပြောပြသည်။

ယင်းကင်းထောက်မောင်မယ်တွေ့ဆုံပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်တွေ့ဆုံပွဲအား၂၀၁၃၊ ဧပြီလ ၌ ပင်ပြု လုပ် ခဲ့ကြောင်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment