Monday 28 April 2014

တမူးမြို့၌ တရုတ်နိုင်ငံသား ရှစ်ဦးအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ

Photo: တမူးမြို့၌ တရုတ်နိုင်ငံသား ရှစ်ဦးအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ
Monday, April 28, 2014

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ရှစ်ဦးအား မော်တော်ယာဉ် တစ်စီး၊လက်နက်ငယ် ရှစ်လက်၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက် များ၊ မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကားတစ်စီး မီးထိုးမောင်းနှင် လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က စစ်ဆေးတားဆီးရာ ရပ်တန့်ပေးခြင်းမရှိဘဲ တမူးမြို့ အတွင်း မောင်းပြေးသဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။

အဆိုပါ မော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လှည့်မောင်းနှင်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မြို့အဝင် ၃ မိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီးရမိသောကားမှာ တိုယိုတာ အမျိုးအစား Double Cab ဖြစ်ပြီး ယာဉ်ပေါ်တွင် တရုတ်လူမျိုးရှစ်ဦး စီးနင်းလိုက်ပါလာကာ ၎င်းတို့နှင့်အတူ လက်နက်ငယ် ရှစ်လက်၊ လက်နက်ငယ်ကျည် ၁၈၆ဝ တောင့်၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေး စကားပြောစက် ငါးလုးံ၊ တရုတ် စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံတစ်ချပ်၊ စစ်သုံးဓားမြှောင် သုံးချောင်း၊ လက်ကိုင်ဖုန်း လေးလုံး၊ စစ်သုံး ချပ်ဝတ်တန်ဆာ ရှစ်စုံ၊ အဝေးကြည့်မှန်ပြောင်း တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် တရုတ်လူမျိုးရှစ်ဦးမှာ စီချွမ်ပြည်နယ်နေ ကျန်းကျိန် ၁၇ နှစ်၊ ကျန်းယိန် ၁၇ နှစ်၊ ရန်ရှော်ဟုန် ၁၉ နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် ၂၁ နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် ၂၁ နှစ်၊ ကွေကျိုးပြည်နယ်နေ လျှိုယယ်ချန်း ၁၉ နှစ်၊ အန်းဝှီးပြည်နယ်နေ ဟန်လုလု ၂၅ နှစ်နှင့် လီထယ် ၂၂ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ကားမောင်းသူ ဟန်လုလုအား စကားပြန်ဖြင့် ပဏာမစစ်ဆေး မေးမြန်းချက်အရ ၎င်းတို့အဖွဲ့သည် ကိုးကန့်နယ်မြေ တန့်ယန်းအထက်ဘက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်ရောက်နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူဆိုသူအားသတ်ပြီး တက်မောင်းယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ် အမှန် ပေါ်ပေါက်စေရေးအတွက် ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီ
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ရှစ်ဦး အား မော်တော်ယာဉ် တစ်စီး၊လက်နက်ငယ် ရှစ်လက်၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက် များ၊ မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။
ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကား တစ်စီး မီးထိုးမောင်းနှင် လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က စစ်ဆေးတားဆီးရာ ရပ် တန့်ပေးခြင်းမရှိဘဲ တမူးမြို့ အတွင်း မောင်းပြေးသဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။

အဆိုပါ မော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန် လှည့်မောင်းနှ င်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မြို့အဝင် ၃ မိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီးရမိသောကားမှာ တိုယိုတာ အမျိုးအစား Double Cab ဖြစ်ပြီး ယာဉ်ပေါ်တွင် တရုတ်လူမျိုးရှစ်ဦး စီးနင်းလိုက်ပါလာကာ ၎င်းတို့နှင့်အတူ လက်နက်ငယ် ရှစ်လက်၊ လက်နက်ငယ်ကျည် ၁၈၆ဝ တောင့်၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေး စကားပြောစက် ငါးလုးံ၊ တရုတ် စာဖြင့် ရေးသား ထားသော မြန်မာနိုင်ငံ မြေပုံတစ်ချပ်၊ စစ်သုံးဓားမြှောင် သုံးချောင်း၊ လက်ကိုင်ဖုန်း လေးလုံး၊ စစ်သုံး ချပ်ဝတ်တန်ဆာ ရှစ်စုံ၊ အဝေးကြည့်မှန်ပြောင်း တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် တရုတ်လူမျိုးရှစ်ဦးမှာ စီချွမ်ပြည်နယ်နေ ကျန်းကျိန် ၁၇ နှစ်၊ ကျန်းယိန် ၁၇ နှစ်၊ ရန်ရှော်ဟုန် ၁၉ နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် ၂၁ နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် ၂၁ နှစ်၊ ကွေကျိုးပြည်နယ်နေ လျှိုယယ်ချန်း ၁၉ နှစ်၊ အန်းဝှီးပြည်နယ်နေ ဟန်လုလု ၂၅ နှစ်နှင့် လီထယ် ၂၂ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ကားမောင်းသူ ဟန်လုလုအား စကားပြန်ဖြင့် ပဏာမစစ်ဆေး မေးမြန်းချက်အရ ၎င်းတို့ အဖွဲ့သည် ကိုးကန့်နယ်မြေ တန့်ယန်းအထက်ဘက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်ရောက်နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူဆိုသူအားသတ်ပြီး တက်မောင်းယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ် အမှန် ပေါ်ပေါက်စေရေးအတွက် ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment