Monday 28 April 2014

သမ္မတဟောင်းမော်စီအားထောက်ခံသူ ၁၁ ဦးကို ထောင်ဒဏ်များ ချမှတ်

အီဂျစ်နိုင်ငံတရားရုံးတစ်ရုံးသည် ရာထူးမှ ဖယ်ရှားခြင်းခံရသော သမ္မတဟောင်းမော်စီအား ထောက် ခံသူ ၁၁ ဦးကို ဧပြီ ၂၆ ရက်တွင် ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။
ယင်းတို့သည်အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ အများဆုံး ၈၈ နှစ်အထိ ချမှတ်ခံရသူများပါဝင် သည်။

ဖမ်းဆီးထားခဲ့
၎င်းတို့ ထောင်ဒဏ်ကျခံရမှုမှာ လူထုဆန္ဒပြမှုများကြောင့် ဖြစ်သည် ဟု ဘီဘီစီသတင်းတွင်ဖော်ပြသည်။ ယမန်နှစ် အတွင်းက သမ္မတမော်စီ အား ရာထူးမှ ဖယ်ရှားပြီးနောက် ဖြစ်ပေါ်ခဲ့သည့် လူထုဆန့်ကျင် ဆန္ဒပြမှုများအတွင်းက ¤င်းတို့အား ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်မတ်လအတွင်းကလည်း ကိုင်ရိုမြို့တော်တောင်ပိုင်း မင်ရာ ဒေသမှ အလားတူတရားရုံးတစ်ရုံး က သမ္မတဟောင်း မော်စီအား ထောက်ခံခဲ့သူ ၅ဝဝ ကျော်တို့ကို သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့ သည်။

ယင်းဖြစ်ရပ်များသည် အီဂျစ် စစ်ဘက်ကကျောထောက်နောက်ခံ ပြုထားသည့် အီဂျစ်အစိုးရအား ဆန့်ကျင် ခဲ့ကြ သည့် အစ္စလာမ္မစ် ဝါဒီများ၏ လှုပ်ရှားမှုများကို ဖြိုခွဲ ခဲ့ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘီဘီစီ

No comments:

Post a Comment