Monday 28 April 2014

ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ

Photo: ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ
Monday, April 28, 2014

ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှား စစ်တပ် လေယာဉ်တွေ ဟာ ယူကရိန်း လေကြောင်းပိုင်နက်ထဲကို
အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ စက်မှုထိပ်သီး(၇)နိုင်ငံဟာ ယူကရိန်းနိုင်ငံ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံကို အရေးယူမှု အသစ်တွေ ပြုလုပ်ဖို့ စနေနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အခုချိန်မှာ ရုရှားနိုင်ငံဟာ ယူကရိန်းနယ်စပ်မှာ သူတို့ရဲ့ တပ်ဖွဲ့ပေါင်းများစွာကို တပ်ဖြန့် ထားပြီး မော်စကို ခွဲထွက်ရေးသမားတွေကလည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အစိုးရ အဆောက်အဦတွေကို ဆက်လက်သိမ်းပိုက် နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
သောကြာနေ့က ထုတ်ပြန်ကြေညာချက်တစ်ခုမှာတော့ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဝရမ်းက ရုရှားလေယာဉ်တွေဟာ ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို အကြိမ်များစွာ ၀င်ရောက်ခဲ့တယ်လို့  ဆိုပါတယ်။ သူဟာ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပေမယ့် အခြေအနေတွေ ငြိမ်သက်အောင်လုပ်ဖို့ ရုရှားနိုင်ငံကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အမေရိကန်ကာကွယ် ရေးဝန်ကြီး ချက်ဟာဂဲလ်ကလည်း ယူကရိန်း နယ်စပ်တစ်လျှောက် ရုရှားနိုင်ငံရဲ့ လှုပ်ရှားမှုဟာ အခြေအနေကို တည်ငြိမ်မှု မရှိအောင် လုပ်နေပြီး ရန်စတဲ့ လုပ်ရက်ဖြစ်တယ်လို့ ပြောကြားခဲ့ ပါသည်။
 
MRTV-4
ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှားစစ်တပ် လေယာဉ်တွေဟာ ယူက ရိန်း လေကြောင်း ပိုင်နက်ထဲကို အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ စက်မှုထိပ်သီး(၇)နိုင်ငံဟာ ယူကရိန်းနိုင်ငံ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံကို အရေးယူမှု အသစ်တွေ ပြုလုပ်ဖို့ စနေနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အခုချိန်မှာ ရုရှားနိုင်ငံဟာ ယူကရိန်းနယ်စပ်မှာ သူတို့ရဲ့ တပ်ဖွဲ့ပေါင်းများစွာကို တပ်ဖြန့် ထားပြီး မော်စကို ခွဲထွက်ရေး သမားတွေကလည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အစိုးရ အဆောက်အဦတွေကို ဆက်လက်သိမ်း ပိုက် နေ ဆဲဖြစ်တယ်လို့ သိရပါတယ်။

သောကြာနေ့က ထုတ်ပြန်ကြေညာချက်တစ်ခုမှာတော့ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဝရမ်းက ရုရှားလေယာဉ်တွေဟာ ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို အကြိမ်များစွာ ၀င်ရောက်ခဲ့တယ်လို့  ဆိုပါတယ်။ သူဟာ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပေမယ့် အခြေအနေတွေ ငြိမ်သက်အောင် လုပ်ဖို့ ရုရှားနိုင်ငံကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အမေရိကန် ကာကွယ် ရေး ၀န်ကြီး ချက်ဟာဂဲလ်ကလည်း ယူကရိန်း နယ်စပ်တစ်လျှောက် ရုရှားနိုင်ငံရဲ့ လှုပ်ရှားမှုဟာ အခြေအနေကို တည်ငြိမ်မှု မရှိအောင် လုပ်နေပြီး ရန်စတဲ့ လုပ်ရက်ဖြစ်တယ်လို့ ပြောကြားခဲ့ ပါသည်။

MRTV-4

No comments:

Post a Comment