Monday 28 April 2014

လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် စုံစမ်းစစ်ဆေးမှု အထွေထွေ အစီရင်ခံစာကိုလာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်

ဧပြီ ၂၅- လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးချက် အထွေထွေအစီရင် ခံစာကို  လာမည့်ပြည်ထောင်စု လွှတ်တော် အစည်းအ ဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထား သည့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရ မှုမှ ပြည်သူများ နစ်နာမှုမရှိစေရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် နိုင်ငံတစ်ဝန်း လယ်ယာမြေ များ နှင့်ပတ်သက်၍ လွှတ်တော်သို့ အစီရင်ခံစာ သုံးကြိမ်အ ထိ တင်သွင်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

''အခုတစ်ကြိမ်ကတော့ အထွေထွေပေါ့။ စစ်တပ်၊ ကုမ္ပဏီတို့က သိမ်းတာမဟုတ်ဘဲ အောက်ခြေ မှာ မြေ စာရင်းဌာနတို့နဲ့ပေါင်းပြီး ဒေသ အာဏာပိုင်၊ ခရိုင်၊ မယကတို့ လုပ်ထားကြတာတွေကို တင်မှာပါ'' ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးဖေသန်းက ပြောသည်။

တပ်မတော်အစိုးရလက်ထက်က တောင် သူများ၏လယ်ယာမြေများကို စစ်တပ်အပါအဝင် အာ ဏာပိုင် များသည် နည်းလမ်းမျိုးစုံဖြင့် သိမ်းယူခဲ့ကြပြီး အစိုးရသစ်လက်ထက်တွင် ထိုဥပဒေမဲ့ သိမ်းဆည်းခံ လယ်မြေ များကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီး ဖြေရှင်းသော်ငြားလည်း လယ်သမားများ မိမိတို့ လယ်မြေများကို ပြန်လည်မရရှိသည့်အပြင် တရားစွဲခံရကာ ထောင်ဒဏ်များကိုပါ ကျခံနေရကြောင်း လယ်သမားအကျိုးဆောင်များက ပြောသည်။

''ကျွန်တော်တို့ဒေသမှာတော့ စစ်တပ်က သိမ်းတာနည်းတယ်။ ကုမ္ပဏီသိမ်းတာ များတယ်။ ကုမ္ပဏီနဲ့ ရွာသားတွေ ဘာကြောင့် ပြဿနာတွေဖြစ်နေရ လဲဆိုတော့ အဓိက,ကတော့ မြေစာရင်းဦးစီးဌာန ပဲ။ မြေတိုင်း စာတွေမှာ ကုမ္ပဏီက ဧက ၅ဝဝ လိုချင်တယ် ဆိုရင် ကွင်းဆင်းမတိုင်းဘဲ စာရွက်ပေါ်ကနေ၊ မြေပုံ ပေါ် ကနေ ထုတ်ပေးလိုက်ကြတာပဲ။

ဥပမာ တစ်ခုပြ ပါ၊ ပြောပါဆိုရင် တိုက်ကြီးမြို့နယ်အတွင်းက ပန်းပင် တန်းကျေးရွာအုပ်စုမှာ ဖြစ်နေ တယ်''ဟု တိုင်း ရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ တိုက်ကြီးမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

Yangon Media Group

No comments:

Post a Comment