Monday 28 April 2014

ကျပ်(၂၅)သိန်းကျော်ခန့် ဆုံးရှုံးခဲ့သည့် လှိုင်မြို့နယ် မီးလောင်မှု

Photo: ကျပ်(၂၅)သိန်းကျော်ခန့် ဆုံးရှုံးခဲ့သည့် လှိုင်မြို့နယ် မီးလောင်မှု
Monday, April 28, 2014

လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဧပြီလ(၂၆)ရက်နေ့၊ ညနေ(၃)နာရီကျော်က
မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပန်းခြံကျောင်းလမ်း၊ သီရိမြိုင်(၃)လမ်းထောင့်မှာရှိတဲ့ အမှတ်(၁၉/က) နေအိမ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး  စုစုပေါင်းအိမ် (၆)လုံးမီးလောင်ကာ တန်ဖိုးငွေစုစုပေါင်း (၂၅)သိန်း၊ (၇)သောင်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါမီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းမှာတော့ အိတ်ဇောပန့်၊ ဂျန့်ဖြစ်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။  မီးလောင်ကျွမ်းမှုကိုတော့ မီးငြှိမ်းသတ်ယာဉ်(၂၉)စီး၊ အထောက်အကူပြုယာဉ်(၈)စီး၊ ကွက်ကဲမှုယာဉ် (၂)စီး အပါအ၀င် အရံမီးသတ်တပ်ဖွဲ့ဝင် (၁၅၀)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅၂)ဦးနဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
 
မီးလောင်ကျွမ်းမှုကိုတော့ လောင်ကျွမ်းချိန် မိနစ်(၂၀)၀န်းကျင်အကြာ ညနေ(၃)နာရီ၊ (၂၅)မိနစ်မှာ မီးထိန်းနိုင်ပြီး၊ (၃)နာရီ မိနစ်(၄၀)မှာတော့ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။  

MRTV-4
လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဧပြီလ(၂၆)ရက်နေ့၊ ညနေ(၃)နာရီကျော်က မီးလောင်မှုဖြစ်ပွား ခဲ့တယ် လို့ သိရပါတယ်။ ပန်းခြံကျောင်းလမ်း၊ သီရိမြိုင်(၃)လမ်းထောင့်မှာရှိတဲ့ အမှတ်(၁၉/က) နေအိမ်ကနေ စတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး  စုစုပေါင်းအိမ် (၆)လုံးမီးလောင်ကာ တန်ဖိုးငွေစုစုပေါင်း (၂၅)သိန်း၊ (၇)သောင်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းမှာတော့ အိတ်ဇောပန့်၊ ဂျန့်ဖြစ်ရာမှ အပူလွန်ကဲပြီး မီး စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။  မီးလောင်ကျွမ်းမှုကိုတော့ မီးငြှိမ်း သတ်ယာဉ်(၂၉)စီး၊ အထောက်အကူပြုယာဉ်(၈)စီး၊ ကွက်ကဲမှုယာဉ် (၂)စီး အပါအ၀င် အရံမီးသတ် တပ်ဖွဲ့ဝင် (၁၅၀)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅၂)ဦးနဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကိုတော့ လောင်ကျွမ်းချိန် မိနစ်(၂၀)၀န်းကျင်အကြာ ညနေ(၃)နာရီ၊ (၂၅)မိနစ်မှာ မီး ထိန်းနိုင်ပြီး၊ (၃)နာရီ မိနစ်(၄၀)မှာတော့ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

MRTV-4

No comments:

Post a Comment