Monday 28 April 2014

ရန်ကုန်မြို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းနေရာဟောင်း အထပ်မြင့် အဆောက်အအုံ ၁၁ လုံး တည်ဆောက်နေ

ရန်ကုန်မြို့ကို နိုင်ငံတကာအဆင့်မီ စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်မှုများ ပြုလုပ်လျက်ရှိရာ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းမကြီးအနီး ယခင် ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မြေနေရာတွင် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် အဆင့်မြင့်စီမံကိန်း အဆောက်အအုံများ တည်ဆောက်နေပြီဖြစ် သည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမြေနေရာသည် စုစုပေါင်းမြေပြင် အကျယ်အ၀န်းမှာ ၃၉၉၉၅၅ စတုရန်း မီတာရှိရာမှ ၁၂၀၇၄၃ စတုရန်းမီတာ အကျယ်အ၀န်းပေါ်တွင် လမ်းများ၊ ကားပါကင်များကို အများဆုံး ဧရိယာအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျန်ရှိသည့် မြေဧရိယာ ၂၇၉၂၁၂ စတုရန်းမီတာကို ကွန်ဒိုအခန်းပေါင်း ၄၅၉ ခန်းပါဝင်သည့် အဆင့်မြင့် ကွန်ဒို မီနီယံ ၁၁ လုံး တည်ဆောက်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Crown Advanced Construction Co.,Ltd တို့ အကျိုးတူတည်ဆောက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် ၀န် ဦးလှမြင့်က ဧပြီ ၂၅ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန် အစည်းအဝေး တတိယနေ့တွင် ပြောကြားသည်။

အဆိုပါ အဆောက်အအုံများမှာ စုစုပေါင်းအထပ် ၂၉ ထပ်ပါရှိသော စီးပွားရေးနှင့် ဟိုတယ်အဆောက်အအုံ၊ အထပ်ပေါင်း ၂၆ ထပ်ရှိသော အထပ်မြင့်အဆောက်အအုံ၊ စုစုပေါင်းရှစ်ထပ်ရှိသော ဈေးဝယ်စင်တာများ ပါရှိမည့် အဆောက်အအုံ၊ စုစုပေါင်း ၂၆ထပ်မြင့်သော အဆင့်မီအဆောက်အအုံ၊ စုစုပေါင်း အထပ်ရှစ် ထပ်ပါရှိသော ဈေးဝယ်စင်တာများပါရှိမည့် အဆောက်အအုံ၊ စုစုပေါင်းအထပ် ၃၀ ရှိပြီး ကွန်ဒိုအခန်းပေါင်း ၁၂၆ ခန်းပါရှိသည့် အဆောက်အအုံ၊ စုစုပေါင်းအထပ် ၃၀ ရှိပြီး ကွန်ဒိုအခန်း ၉၉ ခန်းပါရှိသော အဆောက်အအုံ၊ အထပ် ၃၀ရှိပြီး ကွန်ဒိုအခန်းပေါင်း ၅၆ ခန်းရှိသည့် အဆောက်အအုံတို ပါဝင် တည်ဆောက်လျက်ရှိသည်။

ထို့အပြင် စုစုပေါင်းအထပ် ၃၀ ရှိပြီး အခန်းပေါင်း ၅၆ခန်းပါရှိသည့် အထပ်မြင့်အဆောက်အအုံ၊မြေပေါ် ၂၈ထပ် စုစုပေါင်း အထပ် ၃၀ရှိပြီး အခန်းပေါင်း ၅၆ ခန်းပါရှိသည့် အဆောက်အအုံ၊ မြေပေါ် ၂၃ ထပ်ရှိပြီး အခန်းပေါင်း ၆၆ခန်းပါရှိမည့် အထပ်မြင့် အဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။

အဆိုပါ အဆောက်အအုံများနှင့် ပတ်သက်ပြီး အကျိုးတူဆောက်လုပ်သည့် ကုမ္ပဏီကရရှိမည့် အဆောက် အအုံနှင့် အခန်းများကို ယင်းကုမ္ပဏီ၏ အစီအစဉ်ဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကရရှိမည့် အဆောက်အအုံနှင့် အခန်းများကို ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်သည်။

 မြန်မာ့အလင်း

No comments:

Post a Comment