Monday 28 April 2014

ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်

Photo: ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်
Monday, April 28, 2014

ဧပြီလ ၂၇ ရက်မှ မေ ၁ ရက်အထိ ကျင်းပဆဲ ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

ရခိုင်အမျိုးသား ညီလာခံအား ရခိုင်ပြည် လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး ကျင်းပဆဲ ညီလာခံတွင် (၁) ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ (၂) သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် စီမံခန့်ခွဲခြင်း၊ (၃) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် (၄) ရခိုင်ပြည် လူမှုစီးပွား အခြေအနေတို့အား ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းခေါင်းစဉ်ကြီး လေးခုအောက်တွင် ခေါင်းစဉ်ငယ်များစွာ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ညီလာခံအတွက် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင် ရွက်ရေးအတွက် အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ညီလာခံ၏ ရလဒ်များကို အကောင်အထည်ဖော်ရန် Arakan centre ဖွင့်လှစ်ပြီး ဆက်လက်ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲထားကြောင်းလည်း သိရသည်။

ဧပြီ ၂၇ ရက်က စတင်ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံသို့ သံဃာတော်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် ဌာနကြီးမှူးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ MPC နှင့် အခြားအဖွဲ့များ၊ နိုင်ငံတကာ သံရုံးများနှင့် အဖွဲ့များ၊ သတင်းမီဒီယာများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်တွင်းပြည်ပ ရခိုင်နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့နယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ စသည့်ပြည်တွင်းပြည်ပ ရခိုင်များအပါအ၀င် အထူးဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။

ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ) ကို လူမှုအဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုက ဦးဆောင်ခြင်းမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများအားလုံး စုပေါင်းဆောင်ရွက် ကျင်းပသော ညီလာခံဖြစ်ကြောင်း ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးညီညီမောင်က ပြောကြား သည်။

ရခိုင်အမျိုးသားညီလာခံ ဖွင့်ပွဲအခမ်းအနားအား ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ညီလာခံကျင်း ပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အဖွင့်အမှာ စကား ပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က အမှာစကားပြောကြားခြင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Eleven Media Group 

ကျောက်ဖြူမြို့တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူမြို့တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ဧပြီလ ၂၇ ရက်မှ မေ ၁ ရက်အထိ ကျင်းပဆဲ ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ သတင်းရရှိသည်။
ရခိုင်အမျိုးသား ညီလာခံအား ရခိုင်ပြည် လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး ကျင်းပဆဲ ညီလာခံတွင် (၁) ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ (၂) သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် စီမံခန့်ခွဲခြင်း၊ (၃) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် (၄) ရခိုင်ပြည် လူမှုစီးပွား အခြေအနေတို့အား ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းခေါင်းစဉ်ကြီး လေးခုအောက်တွင် ခေါင်းစဉ်ငယ်များစွာ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ညီလာခံအတွက် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင် ရွက်ရေးအတွက် အဖွဲ့ တစ်ခု ဖွဲ့စည်းပြီး ညီလာခံ၏ ရလဒ်များကို အကောင်အထည်ဖော်ရန် Arakan centre ဖွင့်လှစ်ပြီး ဆက် လက်ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲထားကြောင်းလည်း သိရသည်။

ဧပြီ ၂၇ ရက်က စတင်ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံသို့ သံဃာတော်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ ၀င် များနှင့် ဌာနကြီးမှူးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ MPC နှင့် အခြားအဖွဲ့များ၊ နိုင်ငံတကာ သံရုံးများနှင့် အဖွဲ့များ၊ သတင်းမီဒီယာများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်တွင်းပြည်ပ ရခိုင်နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့နယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ စသည့်ပြည်တွင်းပြည်ပ ရခိုင်များအပါအ၀င် အထူးဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။

ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ) ကို လူမှုအဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုက ဦးဆောင်ခြင်းမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများအားလုံး စုပေါင်းဆောင်ရွက် ကျင်းပသော ညီလာခံဖြစ်ကြောင်း ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးညီညီမောင်က ပြောကြား သည်။

ရခိုင်အမျိုးသားညီလာခံ ဖွင့်ပွဲအခမ်းအနားအား ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ညီလာခံကျင်း ပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အဖွင့်အမှာ စကား ပြော ကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က အမှာစကားပြောကြားခြင်း၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment