Monday 28 April 2014

သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

Photo: သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
Monday, April 28, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ
 
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက်ရာမှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လအတွင်းက ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွားမှာဖြစ်ပါတယ်။
 
ဒီလိုဆောင်ရွက်ရာမှာလည်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေဖြန့်ဝေမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ Master Plan အပါအ၀င်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖြစ်နိုင်စွမ်းလေ့လာ မှုများ ဆောင် ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် MoU မှာပါဝင်တဲ့ စီမံကိန်း များနဲ့ နည်းပညာပိုင်းဆိုင်ရာများဟာ ရေးပေးဝေရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြုနိုင်မှာဖြစ်သလို လက်ရှိရေပေးဝေလျက်ရှိတဲ့ ရေပေးရေး စနစ်ကိုလည်း တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုနိုင်စေမှာဖြစ် တယ်လို့သိရပါတယ်။
 
လက်ရှိ ရန်ကုန်မြို့တော်ရဲ့ လူဦးရေဟာ(၆)သန်းခန့်ရှိနေပြီး မကြာမီကာလ အတွင်း လူဦးရေ (၁၀)သန်းခန့်အထိ တိုးတက်လာနိုင်တဲ့အတွက် တိုးတက် လာတဲ့ လူဦရေးနဲ့အညီ သောက်သုံးရေများ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင် ဖို့ အတွက် အခုလို နိုင်ငံတကာရှိ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြအခြေခံဖွံ့ဖြိုး တိုးတက်ရေး အစီအမံများကို ဆောင်ရွက်လုပ်ကိုင်လျက် ရှိရာ မှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ရေပေးဝေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသလို အခြားစီမံချက်များဖြစ်တဲ့ အိမ်ရာအဆောက်အအုံနှင့် လမ်းတံတားများတည်ဆောက်ခြင်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍအဆင့်မြှင့် တင်ခြင်းအပြင် စီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တိုးချဲ့တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှ တစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွား မယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက် ရာ မှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လ အတွင်း က ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွား မှာဖြစ်ပါတယ်။
 ဒီလိုဆောင်ရွက်ရာမှာလည်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေဖြန့်ဝေမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာပိုင်းဆိုင်ရာ Master Plan အပါအ၀င်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖြစ်နိုင်စွမ်းလေ့ လာ မှုများ ဆောင် ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် MoU မှာပါဝင်တဲ့ စီမံကိန်း များနဲ့ နည်းပညာပိုင်းဆိုင်ရာ များဟာ ရေးပေးဝေရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြုနိုင်မှာဖြစ်သလို လက်ရှိရေပေးဝေလျက်ရှိတဲ့ ရေပေးရေး စနစ်ကိုလည်း တိုးတက်ကောင်းမွန်အောင် အထောက် အကူပြုနိုင်စေ မှာဖြစ် တယ်လို့သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တော်ရဲ့ လူဦးရေဟာ(၆)သန်းခန့်ရှိနေပြီး မကြာမီကာလ အတွင်း လူဦးရေ (၁၀)သန်းခန့် အထိ တိုးတက်လာနိုင်တဲ့အတွက် တိုးတက် လာတဲ့ လူဦရေးနဲ့အညီ သောက်သုံးရေများ လုံလောက် စွာ ဖြည့်ဆည်းပေးနိုင် ဖို့ အတွက် အခုလို နိုင်ငံတကာရှိ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြအခြေခံဖွံ့ဖြိုး တိုးတက်ရေး အစီအမံများကို ဆောင်ရွက်လုပ်ကိုင်လျက် ရှိရာ မှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ရေပေးဝေရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသလို အခြားစီမံချက်များဖြစ်တဲ့ အိမ်ရာအဆောက်အအုံနှင့် လမ်းတံတားများ တည်ဆောက်ခြင်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်ခြင်း၊ ပို့ဆောင်ရေး ကဏ္ဍအဆင့်မြှင့် တင်ခြင်းအပြင် စီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တိုးချဲ့တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင် ရွက်ပေးလျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment