Monday 28 April 2014

ထိုင်ဝမ်တွင် လစာတိုးပေးမှုကြောင့် ဆန္ဒအလျောက် စစ်ထဲဝင်လိုသူ များ မြင့် တက်လာ

Photo: ထိုင်ဝမ်တွင် လစာတိုးပေးမှုကြောင့် ဆန္ဒအလျောက် စစ်ထဲဝင်လိုသူ များ မြင့် တက်လာ
Monday, April 28, 2014

ထိုင်ဝမ်တွင် မိမိဆန္ဒအလျောက် စစ်ထဲဝင်သူများနှင့် ပိုမိုကျွမ်းကျင်မှုရှိသော စစ်တပ် ထူထောင်ရန်အတွက် ကြိုးပမ်းမှုများသည် လစာတိုးပေးခဲ့မှုကြောင့် တိုးတက်မှုရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၂ ရက်တွင် ပြော ကြားခဲ့သည်။

တစ်နှစ်အတွင်း တပ်သားသစ် ၁၀၀၀၀ ရရှိရေး ရည်မှန်းချက်သည် ပထမလေးလအတွင်း၌ပင် ပြည့်မီလုနီးပါးဖြစ်ခဲ့ပြီး ယခုနှစ်ဆန်းမှ ဧပြီ ၂၀ ရက်အထိ အရပ်သား ၈၆၃၄ ဦးသည် အမြဲတမ်း စစ်သားများအဖြစ် ထမ်းဆောင်ရန် လျှောက်ထားကြပြီး စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်မှုထမ်းရမည့်သူ ၁၀၇၃ ဦးသည်လည်း ဆန္ဒအလျောက် စစ်မှုထမ်းရန် သဘောတူခဲ့ကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ တပ်သားသစ် စုဆောင်းမှု မပြည့်မီသဖြင့် ဆယ်စုနှစ်နှင့်ချီ ကြာမြင့် လာပြီဖြစ်သော စစ်မှုမထမ်းမနေရ ဥပဒေ အဆုံးသတ်မည့် အစီအစဉ် ကို နှစ်နှစ်ခန့် ဆိုင်းငံ့ရန် ကြေညာခဲ့သော ပြီးခဲ့သောနှစ် စက်တင် ဘာလနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေသည် အလွန်အမင်း ကွာခြားသွားပြီဖြစ်သည်။ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး လစာတိုးပေးမှုသည် အဓိက ဆွဲဆောင်မှုဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လိုက ပြောကြားခဲ့သည်။ မိမိဆန္ဒဖြင့် စစ်ထဲဝင်သူများနှင့် တပ်ကြပ်အဆင့် များအတွက် လစာထောက်ပံ့ကြေး ဒေါ်လာ ၁၃၃ (ထိုင်ဝမ်ဒေါ်လာ ၄၀၀၀) အထိ တိုးမြှင့်ပေးခဲ့မှုကြောင့် အနိမ့်ဆုံးတပ်သား၏ လစာသည် ဒေါ်လာ ၁၁၂၀ အထိ ရှိလာမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ လူငယ်တစ်ဦးသည် စခန်းသို့ ခွင့်ပြုချက်မရှိဘဲ စမတ်ဖုန်းတစ်လုံး ယူလာသဖြင့် လွန်ကဲသောနည်းဖြင့် အပြစ်ပေး ခံခဲ့ရပြီး သေဆုံးခဲ့သည်။ ယင်းအတွက် စစ်ဘက်တာဝန်ရှိသူ ၁၃ ဦးကို မတ်လတွင် တရားရုံးတစ်ရုံးက ထောင်ဒဏ်ရှစ်လအထိ ချမှတ်ခဲ့သည်။ အဆိုပါလူငယ် သေဆုံးခဲ့မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ အကြီး အကျယ် ဖြစ် ပွား ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက် ခဲ့ရ သည်။

Ref:AFP 

ဧပြီ ၂၂ ရက်တွင် တိုင်ပေရှိ ချန်ကေရှိတ် အောက်မေ့ဖွယ်ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသော ထိုင်ဝမ်သမ္မတနှင့် ဟေတီသမ္မတ
 (လယ်) (Photo:AFP)
ဧပြီ ၂၂ ရက်တွင် တိုင်ပေရှိ ချန်ကေရှိတ် အောက်မေ့ဖွယ်ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသော ထိုင်ဝမ် သမ္မတနှင့် ဟေတီ သမ္မတ  (လယ်) (Photo:AFP)
ထိုင်ဝမ်တွင် မိမိဆန္ဒအလျောက် စစ်ထဲဝင်သူများနှင့် ပိုမိုကျွမ်းကျင်မှုရှိသော စစ်တပ် ထူထောင်ရန်အတွက် ကြိုးပမ်းမှုများသည် လစာတိုးပေးခဲ့မှုကြောင့် တိုးတက်မှုရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၂ ရက် တွင် ပြော ကြားခဲ့သည်။
တစ်နှစ်အတွင်း တပ်သားသစ် ၁၀၀၀၀ ရရှိရေး ရည်မှန်းချက်သည် ပထမလေးလအတွင်း၌ပင် ပြည့်မီလု နီးပါးဖြစ်ခဲ့ပြီး ယခုနှစ်ဆန်းမှ ဧပြီ ၂၀ ရက်အထိ အရပ်သား ၈၆၃၄ ဦးသည် အမြဲတမ်း စစ်သားများအဖြစ် ထမ်းဆောင်ရန် လျှောက်ထားကြပြီး စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်မှုထမ်းရမည့်သူ ၁၀၇၃ ဦးသည် လည်း ဆန္ဒအလျောက် စစ်မှုထမ်းရန် သဘောတူခဲ့ကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။ တပ်သားသစ် စုဆောင်းမှု မပြည့်မီသဖြင့် ဆယ်စုနှစ်နှင့်ချီ ကြာမြင့် လာပြီဖြစ်သော စစ်မှု မထမ်းမနေရ ဥပဒေ အဆုံးသတ်မည့် အစီအစဉ် ကို နှစ်နှစ်ခန့် ဆိုင်းငံ့ရန် ကြေညာခဲ့သော ပြီးခဲ့သောနှစ် စက်တင် ဘာလနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေသည် အလွန်အမင်း ကွာခြားသွားပြီဖြစ်သည်။ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး လစာတိုးပေးမှုသည် အဓိက ဆွဲဆောင်မှုဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဌာန ပြောခွင့် ရပုဂ္ဂိုလ် လိုက ပြောကြားခဲ့သည်။ မိမိဆန္ဒဖြင့် စစ်ထဲဝင်သူများနှင့် တပ်ကြပ်အဆင့် များအတွက် လစာထောက်ပံ့ကြေး ဒေါ်လာ ၁၃၃ (ထိုင်ဝမ်ဒေါ်လာ ၄၀၀၀) အထိ တိုးမြှင့်ပေးခဲ့မှုကြောင့် အနိမ့်ဆုံးတပ်သား၏ လစာသည် ဒေါ်လာ ၁၁၂၀ အထိ ရှိလာမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ လူငယ်တစ်ဦးသည် စခန်းသို့ ခွင့်ပြုချက်မရှိဘဲ စမတ်ဖုန်း တစ်လုံး ယူလာသဖြင့် လွန်ကဲသောနည်းဖြင့် အပြစ်ပေး ခံခဲ့ရပြီး သေဆုံးခဲ့သည်။ ယင်းအတွက် စစ်ဘက် တာဝန်ရှိသူ ၁၃ ဦးကို မတ်လတွင် တရားရုံးတစ်ရုံးက ထောင်ဒဏ်ရှစ်လအထိ ချမှတ်ခဲ့သည်။ အဆိုပါ လူငယ် သေဆုံးခဲ့မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ အကြီး အကျယ် ဖြစ် ပွား ခဲ့ပြီး ကာကွယ်ရေး ၀န်ကြီး သည် ရာထူးမှ နုတ်ထွက် ခဲ့ရ သည်။

Ref:AFP

No comments:

Post a Comment