Monday 28 April 2014

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်

Photo: မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် 
တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်
Monday, April 28, 2014

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေးသွားရန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် ကလေးမြို့ ကုန်သည် လုပ်ငန်းရှင်များအသင်းမှ ဦးညီညီထွန်းက ''အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းချိုသာ စွာနဲ့ အဆင်ပြေပြေသုံးစွဲနိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တွေ အထူးကောင်းမွန်နေဖို့လိုအပ် ပါတယ်''ဟု တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများအား မြန်မာနိုင်ငံမှ 
ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဦးညီညီထွန်းက ဆက်လက် ပြောပြသည်။ 

ထို့ကြောင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ၁၂ ရာသီ အဆင်ပြေစွာ ကုန်သွယ်သွားလာ နိုင်ရန်အတွက် မိုးရေး-တမူး-မုံရွာ-မန္တလေးကုန်သွယ်ရေးလမ်းကြောင်းနှင့် ကျန်ဖိုင်း-ရိဒ်-ကလေး ကုန်သွယ်ရေးလမ်းကြောင်းများအား အဆင့်မြှင့်တင် တိုးချဲ့သွားရန် သဘောတူညီခဲ့ပြီး ထိုလမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက်ပေးသွားမည်ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။ 

(တိုးတိုးဝင်း)
Myanmaalinn
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေး သွားရန် နှစ်နိုင်ငံ သဘော တူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။
ဧပြီ ၂၅ ရက် ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်း အဝေးခန်းမ၌ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံစဉ် အိန္ဒိယကောင်စစ် ဝန်ချုပ်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကလေးမြို့ ကုန်သည် လုပ်ငန်းရှင်များအသင်းမှ ဦးညီညီထွန်းက ''အိန္ဒိယနိုင်ငံထုတ် လူသုံးကုန် ပစ္စည်းတွေ ဈေးနှုန်းချိုသာ စွာနဲ့ အဆင်ပြေပြေသုံးစွဲနိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေး လမ်းကြော င်း တွေ အထူးကောင်း မွန်နေဖို့လိုအပ် ပါတယ်''ဟု တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများအား မြန်မာနိုင်ငံမှ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်းမှာ တရုတ် -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဦးညီညီထွန်း က ဆက်လက် ပြောပြသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ၁၂ ရာသီ အဆင်ပြေစွာ ကုန်သွယ်သွားလာ နိုင်ရန်အတွက် မိုးရေး-တမူး-မုံရွာ-မန္တလေး ကုန်သွယ်ရေး လမ်းကြောင်းနှင့် ကျန်ဖိုင်း-ရိဒ်-ကလေး ကုန်သွယ်ရေးလမ်းကြောင်းများအား အဆင့်မြှင့်တင် တိုးချဲ့သွားရန် သဘောတူညီခဲ့ပြီး ထိုလမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက်ပေးသွား မည် ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။

(တိုးတိုးဝင်း)
Myanmaalinn

No comments:

Post a Comment