Monday 28 April 2014

မွေးဖွားစာရင်း မရှိသေးသူများကို ဧပြီလ (၅) ရက်နေ့ စတင် ထုတ်ပေးမည်

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ခံခဲ့သည့်   ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအပြီး မေလ (၅) ရက်နေ့မှစတင်ကာ မန္တလေးတိုင်း ဒေသကြီး အတွင်း မွေးစာရင်း မပြုလုပ်ရ သေးသူများကို ယူနီဆက်နှင့် ပူးပေါင်းကာ ပထမဆုံး အကြိမ် ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူပြီးတဲ့ နောက်ပိုင်း လူဦးရေစာရင်း အတိအကျကို တော့ ၂၀၁၅ ခုနှစ် အစိုးရ သက်တမ်း မကုန်မီ မှာ ထုတ်ပြန်မှာပါ။ လာမယ့် မေလ (၄) ရက် နေ့ နောက်ပိုင်း သန်းခေါင် စာရင်း   ကောက် ယူ မှုမှာ တွေ့ရတဲ့ မွေးဖွားစာရင်း  မရှိသေးတဲ့ လူတွေကို ထုတ်ပေးမှာပါဟု ၄င်းက ပြော သည်။ မွေးဖွားစာရင်းသည် တရားစီရင်ရေး၊ စစ်မှုထမ်းရေးနှင့် ကလေးသူငယ်ဆိုင်ရာ   အခွင့်အရေး ကာကွယ်ရန် အတွက် ဖြစ်ပြီး၊ လူဝင်မှုကြီးကြပ် ရေး နှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ ၊ အထွေအထွေ အုပ်ချုပ်ရေးမှူးနှင့် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့  (UNICEF) တို့ ပူးပေါင်း ကာ ထုတ်ပေးသွားမည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လည်း မွေးဖွားစာရင်း မပြုလုပ်ရသေးသူများ ကို မေလ (၅) ရက်နေ့ မှစတင်ကာ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရ သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၃၀) ရှိပြီး၊ သန်းခေါင်စာရင်း ကောက်ယူ သည့် အကွက်ပေါင်း (၉၅၀၇) ကွက်ရှိကာ၊ အိမ်ထောင်စု အရေအတွက် (၁၁၉၈၉၅၄) စုရှိကြောင်းသိရသည်။သန်းခေါင်စာရင်း   မကောက်ယူမီက အိမ်ထောင်စု စာရင်းများအရခန့်မှန်းတွက်ချက်ခဲ့ရာတွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ခန့်မှန်းလူဦးရေ (၅၇) သိန်းကျော်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ မှတ်တမ်း များ အရ သိရသည်။

The Messenger သတင်းစာ

No comments:

Post a Comment