Monday 28 April 2014

အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး

 Photo: အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး
Monday, April 28, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက်
 
အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ  ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။
 
အဲ့ဒီလို အမြန်လမ်းမကြီးပေါ်မှာ မတော်တဆကားမီးလောင်မှုများ မကြာခဏဖြစ်ပွားမှုဟာ ရာသီဥတုပူပြင်းပြီး ကွန်ကရစ်လမ်းတွေဟာလည်း ပူပြင်းနေတဲ့အတွက် မီးလောင်မှု ပိုမိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလို မီးလောင်မှုဖြစ်ပွားရာမှာလည်း အမြန်လမ်းမကြီး ဖြစ်တဲ့အတွက် ထိခိုက်မှုပိုမိုများပြားသလို မီးလောင်မှုဖြစ်ပွားတဲ့အခါမှာ ငြိမ်းသတ်ဖို့ရေ အခက်အခဲရှိခြင်းကြောင့် ဆုံးရှုံမှုများပြားတဲ့အတွက် မီးသတ်ဆေးဗူးများ ဆောင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။
 
ဒါ့ကြောင့် ကားမီးလောင်ကျွမ်းမှုတွေမဖြစ်ရအောင် အမြန်လမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်များအပြင် တစ်နိုင်ငံလုံးမှာ သွားလာနေတဲ့ ယာဉ်များမှာလည်း မီးသတ်ဆေးဗူးဆောင်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။အဲ့ဒီလို မီးသတ်ဆေးဗူးများ ဆောင်ထားဖို့အတွက်ကိုတော့ ရန်ကုန်ဘက်ခြမ်းနဲ့ မန္တလေးဘက်ခြမ်းမှာရှိတဲ့ တိုးဂိတ်(၂)ခုစလုံးမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်များအားလုံးကို အသိပညာပေးမှုများ ဆောင်ရွက်နေပြီ ဖြစ် တယ်လို့သိရပါတယ်။

MRTV-4
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ် ပွားနေ တဲ့ အတွက်  အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက် လျက် ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ  ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။
အဲ့ဒီလို အမြန်လမ်းမကြီးပေါ်မှာ မတော်တဆကားမီးလောင်မှုများ မကြာခဏဖြစ်ပွားမှုဟာ ရာသီဥတု ပူပြင်း ပြီး ကွန်ကရစ်လမ်းတွေဟာလည်း ပူပြင်းနေတဲ့အတွက် မီးလောင်မှု ပိုမိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလို မီးလောင်မှုဖြစ်ပွားရာမှာလည်း အမြန်လမ်းမကြီး ဖြစ်တဲ့အတွက် ထိခိုက်မှုပိုမိုများပြားသလို မီးလောင် မှုဖြစ် ပွားတဲ့အခါမှာ ငြိမ်းသတ်ဖို့ရေ အခက်အခဲရှိခြင်းကြောင့် ဆုံးရှုံမှုများပြားတဲ့အတွက် မီးသတ်ဆေးဗူး များ ဆောင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ကားမီးလောင်ကျွမ်းမှုတွေမဖြစ်ရအောင် အမြန်လမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်များ အပြင် တစ်နိုင်ငံလုံးမှာ သွားလာနေတဲ့ ယာဉ်များမှာလည်း မီးသတ်ဆေးဗူးဆောင်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။အဲ့ဒီလို မီးသတ်ဆေးဗူးများ ဆောင်ထားဖို့အတွက်ကိုတော့ ရန်ကုန်ဘက်ခြမ်းနဲ့ မန္တလေး ဘက်ခြမ်းမှာရှိတဲ့ တိုးဂိတ်(၂)ခုစလုံးမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်များအားလုံးကို အသိ ပညာပေး မှု များ ဆောင်ရွက်နေပြီ ဖြစ် တယ်လို့သိရပါတယ်။

MRTV-4

No comments:

Post a Comment