Monday 28 April 2014

ကျောက်မဲမြို့ မိုင်းတင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

၂၀၁၄ခုနှစ် အေပြီလ (၂၅)ရက် (၁၀း၃၀)ချိန်တွင် ကျောက်မဲမြို့နယ် မိုင်းတင်းပြည်သူ့ စစ်ခေါင်း ဆောင် ဦးစိုင်းအောင်မိုးနှင့် အဖော်(၂)ဦးသည် ၎င်းဦးလေးတော်စပ်သူ ကိုနိုင်ဦး ကျန်းမာရေးမကောင်း သဖြင့် ကျောက်မဲမြို့ရှိ လှိုင်ဆေးခန်းသို့ သွားရောက်ဆေးကုသပြီး မတ်တူးကား (အဖြူ)ဖြင့် မိုင်းတင်းကျေးရွာ
သို့ အပြန် ပလောင်ငြိမ်းချမ်းရေးကုန်းထိပ်အရောက် တွင် (၁၂၅) တရုတ်ဆိုင်ကယ် (နံပါတ်မပါ)မှ လူ (၂)ဦးသည် နောက်မှ လိုက်လာပြီး ဆိုင်ကယ်ပေါ်မှ ဆာလာအိတ်ဖြင့် ထုတ်လာသော အမ်-၂၂ ရိုင်ဖယ်သေ နတ်ဖြင့် ပစ်ခတ် သဖြင့် ဦးစိုင်းအောင်မိုးမှ ကားကိုအရှိန်မြင့်ဖြင့်မောင်းနှင်ရာ ဆိုင်ကယ် သည်နောက်တွင် ကျန်ခဲ့ပြီး ကားသည်အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ထွန်ထယ်ထားသော စိုက်ခင်း အတွင်းသို့ ၀င်ရောက်သွားခဲ့ကြောင်း၊ ဦးစိုင်းအောင်မိုး နှင့် ကိုနိုင်ဦးတို့သည် ကားပေါ်မှ အမြန်ဆင်း၍ ကားနောက်ဖုံးတွင် ထည့်ထားသော အမ်-၂၂ သေတ် (၂)လက်အား အမြန် ထုတ်ပြီး ပြန်လည်ပစ်ခတ်ရာ ဆိုင်ကယ်သည်လမ်းဘေးသို့ တိမ်းမှာက်ပြီး ဆိုင်ကယ်ပေါ်က လူ (၂)ဦးမှ ကုန်းပေါ်သို့အတက်တွင် ဦးစိုင်းအောင်မိုး မှ ကိုင်ဆောင်ထားသည့် အမ်-၂၂ သေနတ်မှ ကျည် (၉)တောင့်ထွက်ရှိ၍ ပစ္စတို ကိုင်ဆောင်သော ရန်သူမှာ ခြေထောက် တွင် (၁)ချက်၊ ရင်ဘတ်တွင် (၁)ချက်ပေါင်း (၂)ချက်ထိ မှန်၍ သေဆုံးခဲ့ကြောင်း၊ ကျန် တစ်ဦးမှာ သစ်ငုတ်တိုတို အကာအကွယ်ယူ၍ အမ်-၂၂ ဖြင့် ပြန် လည်ပစ်ခတ်ရာ ဦးစိုင်း အောင်မိုး၏ ရင်ဘတ်တွင် ကျည် (၁)ချက် ထိမှန်ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း၊ ကိုနိုင်ဦး ကိုင်ဆောင်သည့် အမ်-၂၂ မှာ ကျည် အ ဖြစ်နေစဉ် ဘယ်ဘက်ပေါင်ရင်း တွင် ရန်သူ့ ကျည်ထိ မှန်၍ အရိုးကြေပြီး ကျည်ဖူးမထွက်ဘဲ ရန်သူသည် တောင် ကုန်းပေါ်သို့ ပြေးတက် ထွက်ပြေးသွားပြီး ကုန်းပေါ်တွင် အသင့်စောင့်နေသော ရန်သူအင်အားမှာ (၂၅)ဦးရှိ ကြောင်း၊ သေဆုံးသွားသော ရန်သူ့ထံမှ အမ်၂၀ ပစ္စတို (၁)လက်၊ ကျည် (၆)တောင့်၊ လက်ဖွဲ့ကြိုးနှင့်အဆောင်ကြေးရုပ်တုများ၊ တယ်လီဖုန်း (၁)လုံး၊ ဖုံးနံပါတ်များရေး မှတ် ထားသော စာရွက် (၁)ရွက်၊ (၁၂၅)တရုတ်ဆိုင်ကယ် (၁)စီးနှင့် စိုင်းစေခေး (မျိုးချစ်စိတ်) ဟုရေးထိုး ထားသော လွတ်အိတ် (၁)လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကိုနိုင်ဦးသည် ယခင်မိုင်းတင်း ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ကျန်းမာရေးကြောင့် အနားယူစဉ်တူဖြစ် သူ ဦးစိုင်းအောင်မိုး မှ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်တာဝန်ယူ၍ မိုင်းတင်းပြည်သူ့စစ် အားကြီးကြပ်ဦးဆောင်ခဲ့ရာ သက်တမ်း (၈)နှစ်ရှိပြီဖြစ်ကြောင်း၊ သေဆုံးသူ ဦးစိုင်းအောင်မိုး (၄၂)နှစ် ၏ အလောင်းအား ကျောက်မဲပြည် သူ့ ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Credit To:Channelnewsmyanmar

No comments:

Post a Comment