Sunday 27 April 2014

ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်

Sunday, April 27, 2014

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

Photo: ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်
 
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

"ညီလာခံကသူတို့မျော်လင့်ချက်နဲ့သဘောထားအမြင်တွေပြောကြတဲ့အခါမှာ ရခိုင်ရဲ့စီးပွါးရေးသဘောအရချွတ်ခြုံကျနေတဲ့ရခိုင်တွေရဲ့အကြောင်းနဲ့ပြီးရင်ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီးတော့ပြောနေကြတဲ့ အကြောင်းတွေနဲ့အထူး သဖြင့်သဘောထားအမြင်တွေက အဲ့ဒီကနေပြီးတော့များပါတယ်ခင်ဗျ ၊နောက်တော့တစ်ချို့တွေကလည်းပဲ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ ဖက်ဒရယ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေနဲ့လည်းပဲ သဘောထားတွေထဲမှာ ပါတယ်ခင်ဗျ" 

ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။ မနက်ဖြန် ညီလာခံဒုတိယနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ ကဏ္ဍတွေ ကို ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
 
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။

RFA Burmese

No comments:

Post a Comment