Friday 6 March 2015

သပိတ်ဖြိုခွင်းမှုတွင်ပါဝင်သည့် လက်ပတ်အနီဝတ်များမှာ ဥပဒေအရ ခွင့်ပြုထားသော ပြည်သူ့အထောက်အကူပြုအဖွဲ့ဟု ဒုရဲမှူးကြီးပြောကြား

သပိတ်စခန်းများကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့နှင့်အတူပါဝင်သည့် လက်မောင်းလက်ပတ်အနီဝတ် အရပ်သားများမှာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရအသုံးပြုထားသည့် ပြည်သူ့ အထောက်အကူပြုအဖွဲ့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲမှုးကြီးမြင့်ထွေးက ပြောသည်။

“ကျင့်ထုံးဥပဒေပုဒ်မ ၁၂၈ မှ တရားသူကြီး၊ စခန်းမှူး၊ ဒုရဲအုပ်အဆင့် ထက်မနိမ့်တဲ့သူတွေက ဒီလူစုလူဝေးကို အင်အားသုံးပြီး လုပ်တဲ့နေရာမှာ လိုအပ်လို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ အမျိုးသားတွေကို အကူအညီတောင်း နိုင်တယ်။ အဲလို လိုအပ်လို့ အကူအညီ တောင်းခံတဲ့လူတွေအနေနဲ့လည်း ဒီလူစု လူဝေးမှာပါတဲ့ လူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ဖမ်းဆီးနိုင်တယ်”ဟု ၎င်းကပြောသည်။
ရွှေပြည်သာအလုပ်သမားသပိတ် ရုန်းရင်ဆန်ခတ်မှုတွင် သွားရောက်သတင်းယူသော သတင်းထောက်အချို့လည်း ရောနှောဖမ်းဆီးခြင်းခံခဲ့ရသေးသည်။
အဆိုပါအင်အားသုံးဖြိုခွင်းမှုတွင် အရပ်သားများအား အသုံးပြုခြင်းနှင့်ပတ်သက်၍ သတင်းထောက်တဦး၏ မေးမြန်းမှုအား ဒုရဲမှုးကြီးက “ရဲတပ်ဖွဲ့ဝင်တွေအားလုံးက ရုန်းရင်းဆန်ခတ်မှုမဖြစ်အောင် ပြည်သူတွေ ထိခိုက်မနစ်နာအောင် လုံခြုံရေး ဆောင်ရွက်တာဖြစ်ပါတယ်”ဆိုသည်။
ယနေ့ မတ်လ (၅)ရက်နေ့ညနေတွင် မြို့တော်ခန်းမရှေ့၌ ဆန္ဒပြနေကြသည့် ကျောင်းသားများအား ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လက်ပတ်အနီရောင်ဝတ် အရပ်ဝတ်များက အကြမ်းဖက်သပိတ် ဖြိုခွင်းလိုက်ကြောင်း သိရသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

3 comments:

  1. ပြည်သူ့ သားကောင်းတွေကိုမစော်ကားပါနဲ့ ။သူတို့ ကပြည်သူ့ ဆန္ဒနဲ့ အညီဆောင်ရွက်နေတဲ့ သူတွေပါ။

    ReplyDelete
  2. ကုလားတွေပေးစာကမ်းစာနဲ့ ဆောင်ရွက်နေတဲ့ လက်တဆုပ်စာသပိတ်အဖွဲ့ ကို မျက်ရည်ယိုဗုံး၊ရာဘာကျည်ဆံတွေ၊
    EUကသင်ထားပေးတဲ့ အတိုင်းနှိမ်နှင်းရမှာ။

    ReplyDelete
  3. အစိုးရက သဘောထားကြီးတာကို တစ်ဖက်သတ်အခွင့်ထူး ယူနေကြတဲ့ ကျောင်းသားအမည်ခံ ဗ-က-ပ ကြိုးဆွဲတွေဟာ တိုင်းပြည်အတွက် အမှိုက်သရိုက်တွေလိုတောင် ဖြစ်လာပြီ။ စောစောစီးစီး ကြိုတင် ရှင်းထားတာ ကျောင်းမယ်။ ဒီ ကွန်မြူနစ် ကြိုးဆွဲရာကနေကြတဲ့ ကျောင်းသား အမည်ခံတွေဟာ လွှတ်တော်ကို ရာဇသံပေးတယ်၊ ဥပဒေအထက်မှာ နေချင်ကြတယ်၊ ရဟန်း-ရှင်-လူ-ပြည်မျက်နှာ နဲ့  မေတ္တာ တရားတွေကိုလဲ လက်မခံဘဲ မင်းမဲ့စရိုက်ကို ဦးတည် လှုပ်ရှားခဲ့ကြတယ်။ ခုတော့ ဥပဒေနဲ့  ဒဏ်ခတ်ခြင်းကို ခံကြရတော့မယ်။

    လူမိုက် ဒုက္ခဆင်းရဲရလည်း၊ မြင်ကြသူများ မသနားတည်း လို့ ပဲ ဆိုလိုက်ချင်တော့တယ်။

    ReplyDelete