အမေရိကန် USAID fun ဖြင့် Winrock International အဖွဲ့အစည်း မှ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှု၏ သဘော တူညီချက်အရ မြန်မာ နိုင်ငံတွင် နည်းပညာလွှဲပြောင်းမှုကို စတင်အကူ အညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ သားငါးကဏ္ဍသည် ယင်းအမေရိကန်အဖွဲ့အစည်းနှင့် ချိတ်ဆက်မိပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် ပရောဂျက်များကို တင်ပြ ဆောင်ရွက်သွားမည်ဟု သိရသည်။
Winrock International အဖွဲ့သည် မြန်မာ နိုင်ငံတွင် ငွေကြေးအကူအညီမပါသည့် နည်းပညာ လွှဲပြောင်းမှု အတွက် Farmer to farmer program အရ ပညာရှင် များမှ ကူညီ ဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် Winrock International အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် ပရောဂျက်လုပ်ငန်း အသေးစား (၄-၅)ခုကို အဆိုပြုထားခဲ့ရာ ယခုအခါ ပရောဂျက် သုံးခုကိုလက်ခံဆောင်ရွက်ရန် Winrock International အဖွဲ့က လက်ခံကြောင်းသိရသည်။ ယင်းအဖွဲ့အစည်းမှ နည်းပညာဆိုင်ရာ အထောက်အပံ့များတွင် မြန်မာ နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍများ၏ အဆိုပြုလွှာများအရ မြန်မာ နိုင်ငံနှင့် သင့်လျော်သည့် မွေးမြူထုတ်လုပ်မှု၊ တန်ဖိုးမြင့် ထုတ်ကုန် များ ဈေးကွက်အတွင်း ရောက်ရှိရန်ဆောင်ရွက်ခြင်း စသည်များကို ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သိ ရသည်။
Winrock International အဖွဲ့ လက်ခံ ဆောင်ရွက်သည့် အဆိုပြုလွှာ များကို ပရောဂျက် တစ်ခုခြင်းစီ စတင် ဆောင်ရွက်ရန် အမေရိကန် နိုင်ငံ၏ ပထမဆုံးနည်းပညာဆိုင်ရာ ထောက်ပံ့ ကူညီမှု လည်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment