Tuesday 19 May 2015

ရုရှားအရာရှိနှစ်ဦးကို ဖမ်းမိထားဟု ယူကရိန်းအစိုးရပြောကြား

ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များထိန်းချုပ်မှုအောက်ရှိဒေသ၌ လှည့်လည်သွားလာနေသော ရုရှား အရာရှိ နှစ်ဦးကို ဖမ်းမိ ထားကြောင်း ယူကရိန်းအစိုးရက မေလ ၁၇ ရက်တွင် ပြောသည်။

ရုရှားအရာရှိနှစ်ဦးကို ယူကရိန်း ရှေ့တန်းစစ်မျက်နှာနှင့် မဝေးသော ရှက်ချာစတီယာမြို့ရှိ ပြည်သူ့စစ် အိတ်ဒါတပ်ရင်း က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ယူကရိန်းစစ်ဘက် ပြောရေးဆို ခွင့်ရသူက ပြောသည်။

စုံစမ်းစစ်ဆေးသူများသည် ရုရှားအရာရှိနှစ်ဦးကို စစ်ဆေး မေးမြန်းနေသည်ဟု ၎င်းက ပြောသည်။

ယင်းအရာရှိနှစ်ဦးကို မေလ ၁၇ ရက် နံနက်အစောတွင် သူပုန် များ ထိန်းချုပ်ထားသော နယ်မြေ အနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ အပြန်အလှန်တိုက်ခိုက် မှုအတွင်း ဒဏ်ရာများ ရထား သည်ဟု အိတ်ဒါတပ်ရင်းက ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ပြောကြား သည်။

 ရှက်ချာစတီယာမြို့သည် သူပုန်များ ထိန်းချုပ်ထားသော လူဟန့်စ်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ပဋိပက္ခတစ်လျှောက်လုံး၌ မကြာခဏ လက်လွှဲပြောင်းခြင်းများ ရင်ဆိုင်ခဲ့ရ သည်။

ရုရှားအရာရှိတစ်ဦးအား စစ်မေးနေသည်ဟု ယူဆရသော ဗီဒီယိုတစ်ခုကို ယူကရိန်းလွှတ်တော် အမတ် တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြခဲ့သည်။

ဆေးရုံခုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသော လူငယ်က ၎င်းသည် ရုရှားအထူးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အလက်ဇန်းဒါး အလက်ဇန်းဒရော့ဗ်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင် ၁၄ ဦးပါဝင်သောအဖွဲ့ နှင့် သူပုန်များ ထိန်းချုပ် ထားသည့် ဒေသ၌ လှည့်လည်သွားလာနေ ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် မတ်လ ၆ ရက်က တည်းက သူပုန်များ၏ အမာခံ နယ်မြေဖြစ်သော လူးဟန့်စ်မြို့၌ ရှိနေခဲ့ပြီး ၎င်းတို့တပ်ဖွဲ့ဝင်များသည် လေး၊ ငါးရက်တစ်ခါ ရှက်ချာစတီယာမြို့ အနီးတစ်ဝိုက်တွင် လှည့်လည်သွားလာ နေသည်ဟု အလက်ဇန်းဒရော့ဗ်က ပြော ကြားခဲ့သည်။

—Ref: AP
7Day DAILY 

No comments:

Post a Comment