Tuesday 19 May 2015

မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများဆုံးနိုင်ငံများ

(၂၁)ရာစုအတွင်း နိုင်ငံများ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဆုံးအဖြတ်ပေးမည့် အချက်များထဲတွင် မိုဘိုင်းလ်ဖုန်းသုံးစွဲနိုင်မှု မြင့်မားခြင်းက အဓိကအချက်ဖြစ်လာမည်ဟု ပညာရှင်များက သုံးသပ်ထားသည်။ လက်ရှိအတည်ပြုထားသောအချက်အလက်များအရ ကမ္ဘာပေါ်တွင်မိုဘိုင်းလ်ဖုန်းသုံး စွဲသူအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်ဟု သိရသည်။ 

ယခုနှစ် မတ်လကုန်အထိမှတ်တမ်း တင်ထားသော မှတ်တမ်းများအရ တရုတ် နိုင်ငံရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ဦးရေမှာ ၁၂၇၆ သန်းကျော်(အတိအကျဆိုလျှင် ၁၂၇၆၆၆ဝဝဝဝ)ရှိသည်ဟု သိရသည်။ တရုတ်နိုင်ငံသည် လူဦးရေများပြားသည့် အပြင် ပြည်သူများမိုဘိုင်းလ်ဖုန်းလွယ် ကူစွာသုံးစွဲနိုင်ရန် ဖန်တီးပေးခဲ့ခြင်းကြောင့် မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲသူဒုတိယ အများဆုံး နိုင်ငံမှာအိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံဖြစ် သည်။  

အိန္ဒိယနိုင်ငံ၏လက်ရှိမိုဘိုင်းလ်ဖုန်း သုံးစွဲသူဦးရေမှာ ၉၆ဝ၅၇၉၄၇၂ ဦးရှိသည် ဟုဆိုသည်။ စူပါပါဝါနိုင်ငံဟု သတ်မှတ် ထားသော အမေရိကန်ပြည်ထောင်စုမှာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေ အများဆုံးနိုင်ငံများ စာရင်း တွင် အဆင့်(၃)နေရာတွင်သာရှိနေပြီး အဆင့်(၄)နေရာတွင် ဘရာဇီး၊ အဆင့်(၅)နေရာတွင် ရုရှားတို့က အသီးသီး ရပ်တည်လျက်ရှိသည်။

The Union Daily 

No comments:

Post a Comment