Tuesday 19 May 2015

လစ်သူယေးနီးယားလေယာဉ်ငယ် ဘော်လ်တစ်ပင်လယ်ပြင်တွင် ပျောက်ဆုံးနေ

ဆွီဒင်နိုင်ငံမှလာပြီး ဘော်လ်တစ်ပင်လယ်ပြင်ထက်၌ ပျောက်သွားသော လေယာဉ်မှူးနှစ်ဦးပါသည့် ပုဂ္ဂလိ က လေယာဉ်ငယ်တစ်စီးကို လစ်သူယေးနီးယားအစိုးရက ရှာဖွေနေကြောင်း မေလ ၁၇ ရက်တွင် ပြော သည်။

မေလ ၁၆ ရက် ညနေမှစ၍ နိုင်ငံတကာ ရှာဖွေမှု ပြုလုပ်နေ သော်လည်း An-Z အရပ်ဘက် သုံးလေ ယာဉ်ကို ရှာမတွေ့သေး ကြောင်း လစ်သူယေးနီးယား ရေ တပ်က ပြောသည်။

‘‘လစ်သူယေးနီးယား ရေ တပ်သင်္ဘောတွေ၊ လေတပ်က လေယာဉ်တွေနဲ့ လတ်ဗီးယား ရဟတ်ယာဉ်တွေက အဲဒီလေ ယာဉ်ငယ်ကို ရှာဖွေနေကြပါ တယ်။ ဘာမှတော့ မတွေ့သေးပါဘူး’’ဟု လစ်သူယေးနီးယား အရာရှိက ပြောသည်။

 ဘော်လ်တစ်ပင်လယ်ပြင်ထက်၌ လေယာဉ်ပျောက်မသွားမီ လေယာဉ်မှူးများက အခက်အခဲတွေ့နေ ကြောင်း အချက်ပြ ခြင်းမျိုး မရှိခဲ့ဟု ပြည်တွင်းမီဒီ ယာများက ဖော်ပြသည်။

လေယာဉ်မှာ စက်ချို့ယွင်းမှု ပြဿနာကြုံတွေ့ခြင်းမျိုး ဖြစ်နိုင်သည်ဟု အရပ်ဘက်လေကြောင်း အရာရှိများ က ပြော သည်။

‘‘လေယာဉ်မှူးနှစ်ဦးလုံးက လေယာဉ်မောင်း အတွေ့အကြုံ နှစ် ၄၀ လောက်ရှိတဲ့ သူတွေပါ။ အခြေအနေ တွေကောင်းခဲ့ပါတယ်။ ဒီလူတွေအမှားမလုပ်နိုင်ပါဘူး။ စက်ချို့ယွင်းတယ်ဆိုတဲ့ အချက်ကိုလည်း ဖယ်ရှား ထားလို့ မရပါဘူး’’ဟု အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး အယ်ဗီ ဒက်ဆမ်မက်ကက်က ပြောကြားခဲ့သည်။

—Ref: AFP
7Day DAILY 

No comments:

Post a Comment