Tuesday 19 May 2015

တရားဝင်အထောက်အထားသက်တမ်းတိုးခြင်းအစီအစဉ်အရ ပါမစ်သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားခြင်းများအတွက် မလေးရှားအခြေစိုက် မြန်မာကုမ္ပဏီက လူဦးရေငါးထောင်နီးပါးထံမှ ငွေများယူထားသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ပါမစ်မရသေး၍ အလုပ်သမားများ နစ်နာလျက်ရှိဟုဆို

မလေးရှားနိုင်ငံ အတွင်း တရားဝင်အထောက်အထား သက်တမ်းတိုးအစီအစဉ်အရ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာကုမ္ပဏီတစ်ခုမှ ပါမစ်သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားခြင်းများအ တွက် လူဦးရေ ၅၀၀၀ နီးပါးခန့်ထံမှ ပါမစ်လျှောက်ပေးမည်ဟုဆိုကာ လူ တစ်ဦးလျှင် ရင်းဂစ် ၁၀၀၀ မှ၂၀၀၀ ကျော်အထိ ပေးထားရသော်လည်း တစ်နှစ်ကျော် ကြာသည့်တိုင် ပါမစ်မရရှိသည့်အတွက် အလုပ်သမား များ နစ်နာလျက်ရှိကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးသူများနှင့် ပါမစ် လျှောက်ထားသူများထံမှ သိရသည်။

အဆိုပါကုမ္ပဏီသည် မလေးရှားနိုင်ငံရှိ မြန်မာများ၏အလုပ်လုပ် ခွင့်ပါမစ်အသစ် လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်းများကို မလေးရှား နိုင်ငံ၏ ဥှဃ ဌာနနှင့်ချိတ်ဆက်ကာ လုပ်ဆောင်နေသည့် ကုမ္ပဏီ ဖြစ်ပြီး မြန်မာ-မလေးရှားနှစ်နိုင်ငံ အစိုးရ၏ မလေးရှားနိုင်ငံအတွင်း သက်တမ်း လွန်အလုပ်သမားများ အတွက် တရား ဝင်အထောက်အထားသက်တမ်းတိုး အစီအစဉ်(အလုပ်လုပ်ခွင့်ပါမစ်၊ ဗီ ဇာ၊ ပတ်စ်ပို့)အရ မလေးရှားအခြေ စိုက် မြန်မာနိုင်ငံကိုယ်စားပြုကုမ္ပဏီ တစ်ခုဖြစ်ကြောင်းလည်း ပါမစ်ပြု လုပ်ထားသူများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါကုမ္ပဏီတွင်ပါမစ်ပြု လုပ်ထားသူ ကာဂျမ်းမြို့နယ်တွင် နေထိုင်သည့် မြန်မာအလုပ်သမား မအေးသန္တာက ''ကျွန်မက ပါမစ်အ သစ်လျှောက်တာပါ။ လျှောက်ထား တာ တစ်နှစ်ကျော်ပြီ။ လုပ်တုန်းက သုံးလလောက်ပဲကြာ မယ်ပြောပြီး အခု တစ်နှစ်ကျော်တဲ့အထိ မရသေးတာ ပါ။ အဲဒီကြားထဲမှာ ဘာမှ အာမခံ ချက်မပေးထားဘူး။ ပါမစ်စောင့်ရင်း အဖမ်းခံလိုက်ရတဲ့လူတွေ အများကြီး ရှိတယ်။ ဆက်သွယ် တော့လဲ ရမယ် လို့လဲမပြော၊ မရဘူးလို့ လဲမပြောဘူး။ အရမ်းကြာနေလို့ စာအုပ်(ပတ်စ်ပို့)နဲ့ ပိုက်ဆံပြန် တောင်းတော့ လဲမရဘူး။ မြန်မာတွေ ဒီမှာ အရမ်းအခက်အခဲ ဖြစ်နေတယ်''ဟု ၎င်းတို့တွေ့ကြုံရ သည်များ ကို ဒီမိုကရေစီတူဒေးသို့ မေ ၁၈ရက်က ဆက်သွယ်ပြောသည်။

၎င်းအပါအဝင် မြန်မာအလုပ် သမားများမှာ တစ်ဦးလျှင် ပါမစ် လျှောက်ခ မလေးရှားငွေ ရင်းဂစ် ၁၃၀ဝကျော် ပေးခဲ့ရပြီး နှစ်ဦးလျှင် ၂၇၀ဝခန့်ပေး ခဲ့ရကြောင်း၊ တစ်နှစ် ကျော်သည့်တိုင် ပါမစ်မရရှိသေးခြင်း ဖြစ်ကြောင်း၊ ထိုနည်းတူ ပီနန်း၊ ဂျို ဟိုး အစရှိသည့်နေရာများတွင် ရှိ သည့် ၎င်း၏ သူငယ်ချင်းများလည်း အဆိုပါကုမ္ပဏီတွင် ပါမစ်လျှောက် ထားကြောင်း၊ သို့သော် မိမိတို့နည်း တူ ယနေ့ တိုင် ရရှိခြင်းမရှိသည့်အ ပြင် ပေးဆောင်ထား သည့် ငွေများ နှင့် ပတ်စ်ပို့စာအုပ်များပင် ပြန်မရ ကြကြောင်း၊ ယင်းအပြင် အဆိုပါ ကုမ္ပဏီဝန်ထမ်းများကို မကြာခဏ ပြောင်းလဲသည့်အတွက် ဝန်ထမ်း သစ်များမှ သွားမေးရာတွင် မသိဟု သာ ဖြေကြားကြကြောင်းလည်း မအေးသန္တာက ဆက်ပြောသည်။

အဆိုပါ ပါမစ်ပြုလုပ်ပေးခြင်း သည် G to G စနစ်ဖြင့် မြန်မာ အစိုးရမှ မလေးရှားနိုင်ငံအတွင်း တရား မဝင်ဖြစ်နေသည့် မြန်မာအ လုပ်သမားများအတွက် ပါမစ်ပြုလုပ် ပေးသည့် နှစ်နိုင်ငံအစိုးရ၏ တရား ဝင်ဆောင်ရွက်နေသည့်အစီအစဉ် ဖြစ်ပြီး နှစ်နိုင်ငံအစိုးရသတ်မှတ်ထား သည့် နှစ်ဖက်ကုမ္ပဏီမှအပ အခြား မည်သည့်နေရာ၊ မည်သည့်ကုမ္ပဏီ များထံတွင်မှ တရားဝင်ဆောင်ရွက် ခွင့်မရရှိနိုင်သည့်အတွက် မြန်မာ အလုပ်သမားများအနေဖြင့် အဆိုပါ ကုမ္ပဏီတွင်ပြုလုပ်ရခြင်းဖြစ်ကြောင်း လည်း ရွှေ့ပြောင်း အလုပ်သမားအ ရေး ကူညီဆောင်ရွက်သည့်အဖွဲ့အ စည်းများထံမှ သိရသည်။

မလေးရှားရောက် မြန်မာအ လုပ်သမားများအရေး ကူညီဆောင် ရွက်ပေးသူ ဦးမျိုးညွန့်က ''မလေး ရှားမှာ နေမယ်ဆို ပါမစ်လိုတယ်။အလုပ်လုပ် တာပဲဖြစ်ဖြစ်၊ ရိုးရိုးနေ တာပဲဖြစ်ဖြစ် အားလုံး အလုပ်လုပ် ခွင့်ပါ မစ်နဲ့မှ အဆင်ပြေနိုင်မယ်။ မလေးမှာ ပါမစ်သက်တမ်းကုန်တဲ့သူ တွေ တဖြည်းဖြည်း များလာပြီး တရား မဝင်တွေဖြစ်လို့ ၂၀၁၄လောက်မှာ အစိုးရက နှစ်နိုင်ငံ သဘောတူညီမှု အစီအစဉ်နဲ့ ပါမစ်သက်တမ်းတိုးပေး တာတွေအတွက် နှစ်နိုင်ငံကုမ္ပဏီ တစ်ခုစီကို လုပ်ပိုင်ခွင့်ပေးလိုက်တာ'' ဟု ပါမစ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြောသည်။

အဆိုပါ ပါမစ်ကြာမြင့်နေသည့် အတွက် အဖမ်းခံရသည့် အလုပ်သမားများ စွာရှိနေသည့်အပြင် လက်ရှိ တွင် မလေးရှားနိုင်ငံအစိုးရ၏အော်ပရာဇီ စစ်ဆင်ရေးကြောင့် မလေးရှား နိုင်ငံ၏ နေရာအတော် များများ တွင် နေ့စဉ် တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေ ကြောင်း၊ အဆိုပါအော်ပရာဇီ စစ် ဆင်ရေးတွင် ယခင်ကဲ့သို့ မလေးရှား လဝကမှပြုလုပ်ခြင်းမဟုတ်ဘဲ မလေး ရှားစစ်တပ်ပါ ပါဝင်ဆောင်ရွက် လာ ကြောင်းလည်း မလေးရှားရောက် မြန်မာလူမှုအဖွဲ့အစည်းများမှ ဆိုသည်။

ZCH
Democracytoday‬

No comments:

Post a Comment