Tuesday 19 May 2015

နှစ်လတစ်ကြိမ်ခန့်ပြုလုပ်သည့် နိုင်ငံတကာမှ သံအမတ် များနှင့်တွေ့ ဆုံဆွေးနွေးပွဲကို MPC ၌ ကျင်းပပြုလုပ်

မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှ နှစ်လတစ်ကြိမ်ခန့် ကျင်းပ လေ့ရှိသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ထွန်းတိုးတက်မှုများနှင့် အခြားသောကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု များနှင့် စပ်လျဉ်းပြီး နိုင်ငံတကာမှ သံအမတ်များအား ရှင်းလင်းပြောကြား သည့်ဆွေးနွေး ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် Myanmar Peace Center(MPC) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးများဖြစ်သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီး(၄၁)ဦး၊ UN သံအမတ်များ အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၈၈ ဦးတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သံအမတ်များမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေ၊ White Card၊ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် မေးခွန်းမေးမြန်းမှုများ၊ မှတ်ချက်ပေးမှုများ ပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်မှသိလိုသည်များ ပြန်လည်ဖြေကြားခဲ့သည်။

Myanmar Peace Center

No comments:

Post a Comment