Tuesday 19 May 2015

ခြေစမ်းပွဲတွင် မြန်မာယူ-၂၀ အသင်း မဲလ်ဘုန်းစီးတီးလူငယ်အသင်းကို ဂိုးပြတ်အနိုင်ရ

မြန်မာယူ-၂၀ အသင်းနှင့် မဲလ်ဘုန်းစီးတီးလူငယ်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)
မြန်မာယူ-၂၀ ဘောလုံးအသင်း၏ သြစတြေးလျလေ့ ကျင့်ရေးခရီးစဉ် ပထမခြေစမ်းပွဲတွင် မဲလ်ဘုန်းစီးတီး လူငယ်အ သင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အ နိုင်ရရှိခဲ့သည်။

မေလ ၁၈ ရက်က မဲလ်ဘုန်းစီးတီးလေ့ကျင့်ရေးစင်တာ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းခြေစမ်းပွဲတွင် မြန်မာယူ-၂၀ အသင်းသည် ဒဏ်ရာပြဿနာရှိနေသည့် ငြိမ်းချမ်းအောင်နှင့် သန်းပိုင်တို့မှလွဲ၍ ကျန် ကစားသမားများကို အသုံးပြုခဲ့ပြီး တိုက်စစ်မှူးအောင်သူ၏ ဟက်ထရစ်ဂိုးအပါအဝင် မောင်မောင်လွင်က နှစ်ဂိုး၊ ကျော်မင်းဦး နှင့် မောင်မောင်စိုးတို့က တစ်ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကစားသမား ၂၁ ဦးပါဝင်သည့် မြန်မာအသင်းသည်ပြီးခဲ့သည့် မေလ ၁၄ ရက်မှ စတင် ကာ သြစတြေးလျနိုင်ငံတွင် လေ့ ကျင့်မှုများ ပြုလုပ်နေပြီး ဒုတိယခြေစမ်းပွဲအဖြစ် ကာတာယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။

ကာတာ ယူ-၂၀ အသင်း သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၉ ဘောလုံး ပြိုင်ပွဲတွင် ဗိုလ် စွဲထားသော အသင်းဖြစ်သည်။

မြန်မာယူ-၂၀ အသင်းသည် သြစတြေးလျနိုင်ငံ လေ့ကျင့်ရေး ခရီးစဉ်အပြီး မေလ ၂၄ ရက်တွင် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲကျင်းပမည့် နယူးဇီလန်နိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။ မြန်မာအသင်း အပါအဝင် ပြိုင်ပွဲဝင် ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့ ယူ-၂၀ ဘောလုံးပြိုင်ပွဲကို မေလ ၃၀ ရက်မှ ဇွန်လ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)တွင် အိမ်ရှင်နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်း အသင်းများနှင့် ကျရောက်လျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment