Tuesday 19 May 2015

ဇာတ်ကားနာမည်ကြောင့် အွန်လိုင်းမှာ အောင်ပွဲခံနေတဲ့ ‘ကျွန်မက နှင်းဆီပါမောင်’

အနမ်းဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးခဲ့ခြင်းကြောင့်မြန်မာ့ရုပ်ရှင်လောကအတွင်း ဂယက်ရိုက်ခဲ့သည့် ‘ကျွန်မက နှင်းဆီပါမောင်’ရုပ်ရှင်ဇာတ်ကားမှာ ရုံတင်ပြသတော့မည့်အချိန်တွင်လည်း လူမှုကွန်ရက်စာမျက် နှာတွင် ဇာတ်ကားနာမည်ကို တစ်ဆင့်ကူးယူ၍ ပရိသတ်များက ခံစားချက်များကို ကူးယူရေးသား ဖော်ပြနေမှုများကြောင့် ရုံမတင်မီ ကပင် ရေပန်းစားနေကြောင်း သတင်းရရှိသည်။

စာရေးဆရာမပုညခင်ရေးသားပြီး ဒါရိုက်တာဝိုင်းရိုက်ကူးကာ နေတိုးနှင့် ဖွေးဖွေးတို့ အဓိက ပါဝင် သရုပ်ဆောင်ထားသည့် ‘ကျွန်မက နှင်းဆီပါမောင်’ရုပ်ရှင် ဇာတ်ကားကို ရန်ကုန်မြို့ရှိ ရုပ် ရှင်ရုံများတွင် ဇွန်လ ၆ ရက်၌ ရုံတင်ပြသတော့မည်ဖြစ်သည်။

ယင်းဇာတ်ကားကို ရုံတင်မပြသမီ တစ်ပတ်အလိုကတည်းကပင် ဇာတ်ကားအမည် ‘ကျွန်မက နှင်းဆီပါ မောင်’ကို မိန်းကလေးပရိသတ်အများစုက နှင်းဆီနေရာတွင် ၎င်းတို့၏ခံစားချက်များကို အစားထိုး ရေးသား၍ ဟာသဆန်ဆန်စတေးတပ်များ စွာကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့ကြ သည်။

‘ကျွန်မက နှင်းဆီပါမောင်’၊ ‘ကျွန်မက ဘာမှမဟုတ်ပါဘူး မောင်’၊ ‘ကျွန်မက အင်ဂျင်နီယာ ပါမောင်’ စသည်ဖြင့် စာသားများအစားထိုးရေးသားခဲ့ကြပြီး အမျိုးသားပရိသတ်အချို့ကလည်း ‘ကိုယ်ကတစ်ကောင် ကြွက်ပါ မေ’၊ ‘ကိုယ်က အားနွဲ့သူပါမေ’ စသည့်စာသားများကို အပြန် အလှန် ရေးသားခဲ့ကြသည်။

ပရိသတ်များစွာ စိတ်ဝင်စား မှုရှိနေသည့် အဆိုပါရုပ်ရှင်ဇာတ် ကားနှင့်ပတ်သက်၍ ပါဝင်သရုပ် ဆောင် ထားသည့် အကယ်ဒမီဖွေးဖွေးက ရိုက်ကူးစဉ်တွင် စိတ်အရှင်းဆုံးထားကာ အကောင်း ဆုံးသရုပ်ဆောင် ထားခဲ့ပြီး ပရိ သတ်များ၏ ပြန်လည်တုံ့ပြန်မှုကို ရင်ခုန်နေသည်ဟု ဆိုသည်။

‘‘ပရိသတ်တွေ ဘာပြော မလဲဆိုတာကိုပဲ ရင်ခုန်နေတယ်။ တုံ့ပြန်မှုက အကောင်းလည်းဖြစ် နိုင်သလို အဆိုး လည်းဖြစ်နိုင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဝတ္ထုရေးသားသော   စာရေးဆရာမပုညခင်က လည်း ၎င်းရေးသားနာမည်ပေးခဲ့ သည့် ‘ကျွန်မက နှင်းဆီပါမောင်’ အမည်မှာ ယခုကဲ့သို့ ရုံမတင်မီကပင် ပရိသတ်များကြား ပျံ့နှံ့နေပြီး အွန်လိုင်းတွင် အစားထိုးရေးသား ထားကြသော  မောင်စတေးတပ်များကို ဒုတိယအကြိမ်ဝတ္ထုကို ပြန်လည်ပုံနှိပ်ထုတ်ဝေ ပါက အမှတ်တရအနေဖြင့် ထည့်သွင်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာ မျက်နှာ၌ ရေးသားထားသည်။

7Day DAILY 

No comments:

Post a Comment