Tuesday 19 May 2015

ရွှေ့ပြောင်းအခြေချလှေပေါ်တွင် အစားအစာလုရင်း သတ်ဖြတ်မှုများ ဖစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး

ပင်လယ်ကိုဖြတ်၍ နိုင်ငံရွှေ့ပြောင်းအခြေချမည့် လှေပေါ်တွင် လိုက်ပါလာသော လူများ လက်ကျန်အစား အစာကို အချင်းချင်းလုယက်မှုကြရာမှ သတ်ဖြတ်မှုများဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံးကြောင်း အင်ဒို နီးရှားကမ်းလွန်တွင် နစ်မြုပ်မည့်ဘေးမှ ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းလှေတွင်ပါရှိသူများက ပြောကြသည်။

အသက်ရှင်ကျန်ရစ်ခဲ့သူများက ယင်းလှေပေါ်ရှိ ခြောက်ခြားဖွယ်အဖြစ်အပျက် အခြေအနေများကို ပြောကြခြင်းဖြစ်သည်။ လှေပေါ်ရှိ လူများအချင်ချင်း ဓားဖြင့်ထိုးခုတ်ကြပုံ၊ ကြိုးကွင်းစွပ်သတ်ပုံ၊ ပင်လယ်ထဲ ပစ်ချ သတ်ပုံကို လူသုံးဦးက သီးခြားစီ ပြောပြခဲ့ကြသည်။ ၎င်းတို့၏ ပြောကြားချက်ကို အတည်ပြုနိုင်မည် မဟုတ်ကြောင်း ဘီဘီစီမှ မာတင်ပေးရှန့်စ်က ပြောကြားခဲ့သည်။ သို့သော်လည်း လူသုံးဦးစလုံး၏ ပြောကြားချက်တို့မှာ တူညီမှုရှိနေကြောင်းတွေ့ရှိ ခဲ့သည် ဆိုသည်။

၎င်းတို့၏ ပြောကြားချက်များအတိုင်း မှန်ကန်ပါက အကျပ်အတည်း အဖြေရှာရေး အာရှနိုင်ငံများအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုကြီးမားလာဖွယ်ရှိသည်။

မြန်မာနှင့် ဘင်္ဂလားတို့မှ ရွှေ့ပြောင်းအခြေချသူ ၇၀၀ မှာ ယခုအခါ အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များက စောင့်ရှောက်ထားသည်။ နိုင်ငံများက ကမ်းကပ်ခွင့်မပေးသဖြင့် အရှေ့တောင်အာရှ ပင်လယ်ပြင် အတွင်း ရွက်လွှင့်နေရသည့် ရွှေ့ပြောင်းအခြေချသူထောင်ပေါင်း များစွာ ရှိနေကြောင်း ခန့်မှန်းထားသည်။ 

Ref: BBC 

No comments:

Post a Comment