Tuesday 19 May 2015

အမေရိကန်လူစွန့်စား ဒိန်းပေါ်တာ စွန့်စားမှုအတွင်း သေဆုံး

အမေရိကန်နိုင်ငံ၏ လူသိအများဆုံး လူစွန့်စားအားကစားသမား ဒိန်းပေါ်တာသည် ကယ်လီဖိုးနီးယား ပြည်နယ်တွင် စွန့်စားသရုပ်ပြမှုတစ်ခုအတွင်း သေဆုံးသွားသည်။

ဒိန်းပေါ်တာ (၄၃) နှစ်သည် ယိုဆမိုက်အမျိုးသားဥယျာဉ်ရှိ ပေပေါင်း ၇,၅၀၀ မြင့်သော Taft point ကျောက်ဆောင်ထိပ်မှ လေဟုန်စီးဝတ်စုံဝတ်၍ ပျံသန်းစဉ် သေဆုံးသွားကြောင်း ယင်းဥယျာဉ်မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

 ယင်းကျောက်ဆောင်၏ ကျဉ်းမြောင်းသော ကြားတစ်နေရာကိုဖြတ်၍ပျံသန်းရန် ကြိုးပမ်းမှုအတွင်း မိတ်ဆွေဖြစ်သူ ဂရာဟမ်ဟန့်လည်း သေဆုံးသွားခဲ့သည်။

 ကယ်ဆယ်ရေးသမားများက ၎င်းတို့နှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် မကြာမီအလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းတို့သည် လေထီးများကို အသုံးချထားခြင်းမရှိဟု သတင်းများကဖော်ပြသည်။

ဒိန်းပေါ်တာသည် ဆမိုက်ဥယျာဉ်ရှိ နာမည်အကြီးဆုံးကျောက်နံရံကြီးသုံးခုပေါ်သို့ တစ်ရက်တည်း ပထမဆုံး တက်ရောက်နိုင်ခဲ့သူဖြစ်သည်။

၎င်းသည် ပေပေါင်းများစွာမြင့်သောနေရာမှ ကြိုးတန်းလျှောက်ခြင်း၊ အန္တရာယ်များသော လေထီးခုန်ခြင်း များကို ပြု လုပ်ခဲ့ကာ ယင်းအနက် စွန့်စားမှုအချို့ကို ခွေးနှင့်အတူပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ပေါ်တာသည် ခွေးများပျံကြသောအခါ ခေါင်းစဉ်တပ်ထားသည့် ၂၂ မိနစ် ကြာ ဗီဒီယိုဖိုင် တစ်ခုကိုဖော်ပြခဲ့သဖြင့် အွန်လိုင်းတွင် အုတ်အော်သောင်းတင်းဖြစ်သွားပြီး တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှား သူများ၏ ဝေဖန်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

—Ref: BBC

No comments:

Post a Comment