Tuesday 19 May 2015

တရုတ်ဘဏ်ချေးငွေဖြင့် နေပြည်တော်တွင် ရထားစက်ခေါင်းစက်ရုံ တည်ဆောက်မည်

တရုတ်နိုင်ငံ Exam Bank မှ အမေရိကန်ဒေါ်လာသန်း ၉၀ ကျော်ချေးယူ၍ နေပြည်တော်တွင် မီးရထား စက်ခေါင်းစက်ရုံတည်ဆောက်ရန်စီစဉ်နေကြောင်း မြန်မာ့မီးရထားပို့ဆောင်ရေးဦးစီးဌာနမှသတင်း ရရှိသည်။

တစ်နှစ်လျှင် မြင်းကောင်ရေ၂၀၀၀ အားရှိ မီးရထားစက်ခေါင်း၂၀ ထုတ်လုပ်နိုင်မည့် စက်ရုံကို ၂၀၁၅-၁၆ အတွင်း တည် ဆောက်သွားရန် စီစဉ်နေကြောင်း မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနက မေလ ၁၈ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

‘‘ကျွန်တော်တို့ ဒီဘဏ္ဍာရေး နှစ်မှာ စက်ရုံ စဆောက်မယ်။ စက်ရုံအတွက် လိုတဲ့ဒီဇိုင်းတွေက တ ရုတ်ကနေ ပေးပြီးပြီ။ အဲဒီဒီဇိုင်းကို တွက်ချက်ပြီးတော့ ကျွန်တော်တို့ တင်ဒါခေါ်သွားမယ်။ ဒီဘဏ္ဍာနှစ်လာမယ့် သုံးလေးလအတွင်းမှာ စဆောက်မယ်။ စက်ရုံကကြီး တဲ့အတွက် တစ်နှစ်ခွဲလောက် ဆောက်ရမယ်’’ဟု ဦးအောင်ဝင်း က ပြောသည်။

မီးရထားစက်ခေါင်းစက်ရုံ တည်ဆောက်ရေးအပါအဝင် တစ်နှစ်လျှင် လူစီးတွဲသစ် ၁၂၀ တွဲ ထုတ်လုပ် နိုင်မည့် တွဲသစ် တည် ဆောက်ရေးစက်ရုံကိုလည်း မြစ်ငယ်မြို့တွင် တည်ဆောက်ရန် တရုတ်နိုင်ငံ Exam Bankမှ ငွေချေးထားကြောင်း သိရသည်။

‘‘မြစ်ငယ်အတွက်ကတော့ တည်ဆောက်မယ့်သူ ရွေးပြီးသွားပြီ။ တင်ဒါစိစစ်နေတာမပြီးသေးဘူး။ တင်ဒါ ကြေညာဖို့ပဲ ကျန် တော့တယ်’’ဟု ဦးအောင်ဝင်းက ဆိုသည်။

 စက်ရုံတည်ဆောက်ပြီးစီးပါက စက်ခေါင်းတည်ဆောက် ရေးလုပ်ငန်းမစမီ တရုတ်နိုင်ငံမှ နမူနာ စက်ခေါင်း များ ရောက်ရှိ လာပြီး ထိုနမူနာ စက်ခေါင်းများ အတိုင်း တည်ဆောက်မည်ဟု ဆိုသည်။

စက်ရုံအတွက် လိုအပ်သည့် ပစ္စည်းများဝယ်ယူရန် မြန်မာ့မီးရ ထားနှင့် China National Machinery Import & Export Corporation (CMC) ကုမ္ပဏီတို့ သည် ၂၀၁၃ ဇူလိုင်တွင် စာချုပ်၌လက်မှတ် ရေးထိုး ထားသည်။

7Day DAILY 

No comments:

Post a Comment