Tuesday 19 May 2015

နေရာဒေသအချို့တွင် မိုးများလာနိုင်ခြင်းကြောင့် ကမ်းရိုးတန်းဒေသများ၌ သတိပေးချက်များထုတ်ပြန်ရန် မိုး/ဇလညွှန်ကြားမှုဦးစီးဌာန စီစဉ်နေ

ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းမဖြစ်ပေါ်သေးသော်လည်း စောင့်ကြည့်နေရသည့် အနေအထား တွင်ရှိကာ လတ်တလောတွင် လေထုမငြိမ်မသက်မှုများကြောင့် နေရာဒေသအချို့တွင် မိုးများလာနိုင် ခြင်းကြောင့် ကမ်းရိုးတန်းဒေသများတွင် သတိပေးချက်များ ထုတ်ပြန်ရန်စီစဉ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦး က ပြောသည်။
လက်ရှိတွင်မုန်တိုင်းငယ်ဖြစ်နိုင်ခြေ ၄ဝရာခိုင်နှုန်းခန့် သာရှိသေးသော်လည်း လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လာမည့်သုံး ၊ လေးရက်ခန့်တွင်ရခိုင် ကမ်းရိုးတန်းဒေသတွင်နေရာအနှံ့ မိုးကြီးနိုင် ပြီး၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင်နေရာ ကွက်ကျား မိုးရွာသွန်း မှုများဖြစ်ပေါ်နိုင်ကြောင်း သိရ သည်။

''လေထုမငြိမ်မသက်ဖြစ်တာ ကြောင့်ကမ်းရိုး တန်းဒေသတချို့က မိုးကြီးနိုင် တယ်။ ဒေသတိုင်းတော် တော်များများမှာ မိုးရွာနိုင်တယ်။ ဒါကြောင့် မိုးရွာသွန်းမှု နဲ့ပတ်သက် တဲ့ သတိပေးချက်တွေ ထုတ်ပြန် ဖို့ ဆောင် ရွက်နေပါ တယ်။ မုန်တိုင်းက တော့ မဖြစ်သေးဘူး ။ စောင့်ကြည့် ရ တဲ့ အဆင့် မှာပဲ ရှိပါတယ်''ဟု ဦးကျော်မိုးဦးကပြောသည်။

အဆိုပါမုန်တိုင်းငယ်ဖြစ်ပေါ် နိုင်ခြင်းနှင့်ပတ်သက်ပြီးမိုးလေဝသ နှင့် ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင် ကလည်း ဘင်္ဂလားပင်လယ် အလယ်ပိုင်းတွင်မုန်တိုင်းဖြစ်နိုင်ခြေမှာ ရာခိုင်နှုန်းတိုးမလာသော်လည်း ဧရိယာပိုမိုကျယ်ဝန်းလာကြောင်း၊ မေလ(၂၂ရက်-၂၄ရက်)များ တွင် ဖြစ် ပေါ် လာနိုင်သည့်လေဖိအားနည်း ရပ်ဝန်းငယ်မှာ မုန်တိုင်းငယ်အဆင့်ထိ ရောက်ရှိလာကာ၊ မုတ်သုံလေကို အထောက်အကူပြုလာနိုင် ကြောင်း ယင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

''ဒီရက်ပိုင်းတွေမှာမိုးကောင်း နိုင်သလို ကမ်းရိုးတန်းဒေသတွေ မှာလေတွေ တိုက်နိုင်တော့ရေလှိုင်း တွေလဲ မြင့်နိုင်တာကြောင့် ရေလမ်းသွားလာနေသူတွေလဲ သတိထားဖို့လိုပါတယ်''ဟုဦးကျော်မိုးဦးက ထပ်မံပြော သည်။

လက်ရှိအချိန် တွင် မုတ်သုံလေ သည် တနင်္သာရီနှင့် မွန်ပြည်နယ် တို့ကို ဝင်ရောက် လျက်ရှိနေပြီဖြစ် ကာ၊ ယနေ့တွင်မြန်မာ နိုင်ငံတောင် ပိုင်း ကို လုံးဝဝင်ရောက်မည်ဖြစ်ပြီး၊ တစ် ဆက်တည်းတွင် မြစ်ဝကျွန်းပေါ် ဒေသများသို့ ဆက်လက်ဝင်ရောက်မည်ဖြစ်ကြောင်း၊ ဝင်ရောက်နေစဉ်အတွင်း မုတ်သုံလေကနဦး ဝင်ရောက်မှုအား ပြန်လျော့ကျ သွားနိုင်ကြောင်း၊ ယင်းသည်မေလ ကုန်ပိုင်းတွင် ပြန်လည်အားကောင်း လာနိုင်ကာ လက်ရှိဖြစ် လာနိုင်ခြေရှိသော မုန်တိုင်းငယ်က ယင်းမုတ်သုံဝင်ရောက်ခြင်းကို အထောက် အကူ ဖြစ်စေ မည်ဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်ထံမှ သိရသည်။

MMA
‎Democracytoday‬

No comments:

Post a Comment