Tuesday 19 May 2015

မြေပြိုမှုကြောင့် ကိုလံဘီယာနိုင်ငံတွင် လူ ၄၈ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ဘက် တောင်တန်းဒေသမှာ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က မြေပြိုမှုကြောင့် ရွှံ့တွေနဲ့ ရေတွေက လူနေအိမ်တွေပေါ် ပိကျခဲ့လို့ လူ ၄၈ ယောက် သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ တယ်လို့ အရာရှိတွေက ပြောပါတယ်။



သမ္မတ ဟွမ်မန်နျူရယ် ဆန်တို့စ်က အခင်းဖြစ်ရာကို လာရောက် ကြည့်ရှုပြီး ဒေသခံအရာရှိတွေ၊ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။

ပျောက်နေတဲ့လူတွေ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ လိုတယ်။ ပျောက်နေတဲ့လူ ဘယ်နှယောက်လဲ ဆိုတာ မသိသေးဘူးလို့ သူက ပြောပါတယ်။

ကိုလံဘီယာရဲ့ အင်ဒီးစ် တောင်တန်းတွေနဲ့ နီးတဲ့ တောင်တန်းဒေသမြို့လေးမှာ အပျက်အစီးတွေ ဖုံးလွှမ်း နေတာကို ဝေဟင်က ရိုက်ကူးတဲ့ ရုပ်သံသတင်းမှတ်တမ်းမှာ တွေ့ ရပါတယ်။

ဒေသခံတွေကလဲ ကပ်ဘေးသက်သာရေး ကူညီဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ ကပ်ဘေးနဲ့ အန္တရာယ် စီမံခန့်ခွဲ ရေးဌာန ညွှန်ကြားရေးမှူး ကားလော့စ် အိုင်ဗန်မာကဲ့စ်က ပျောက်ဆုံးနေသူ ၄၈ ယောက်ရှိပြီး အိမ်ခြေ ၃၀ ပျက်စီးတယ်လို့ အစီရင်ခံထားတာ ရှိတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီးက လူ ၁၆၆ ယောက်ကို ကူညီလုပ်ကိုင် ပေးနေတယ်လို့ ပြောပါတယ်။

မိုးက နောက်ထပ် ၂ ရက်၊ ၃ ရက် ဆက်ရွာမယ်လို့ မိုးလေဝသ အရာရှိတွေက ပြောပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment