Tuesday 3 May 2016

မှော်ဘီမြို့တွင် အပူရှောင်စခန်း ၁၅ ရက်ကြာ ဖွင့်လှစ်


မှော်ဘီမြို့ သုဒ္ဓ၀ိပဿ နာရိပ်သာတွင် မေလ ၂ ရက်မှစ ၍ ၁၆ ရက်အထိ အပူရှောင် စခန်းကို ၁၅ ရက်ကြာ ဖွင့်လှစ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။အဆိုပါရိပ်သာသည် မရှိ ဆင်းရဲနွမ်းပါးသက်ကြီးရွယ်အို များ အပူဒဏ်ရှောင်နိုင်ရန် အဓိကရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါရိပ်သာတာဝန်ရှိသူတစ် ဦးဖြစ်သည့် ဒေါ်ခင်ပြည့်က ပြော ကြားသည်။


အပူရှောင်လိုသူများအနေ ဖြင့် ငါးပါးသီလစောင့်ထိန်းရမည် ဖြစ်ပြီး နေ့စဉ် နံနက်၊ နေ့လယ်နှင့် ည၌ထမင်း သုံးနပ်ကျွေးမည်ဖြစ် ကာ လူဦးရေ ၁၀၀ ကျော်နေထိုင် ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
အဆိုပါရိပ်သာသည် ဧက ၃၀ အကျယ်အ၀န်းရှိပြီး သစ်ပင် မျိုးစုံ စိုက်ပျိုးထားသဖြင့်အပူ ဒဏ်သက် သာကြောင်း ဦးစိုးမြင့် (ယခင်ဆရာတော် မေတ္တာရှင်ရွှေပြည်သာ)က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
 အပူရှောင်စခန်းကို လူမျိုး၊ ဘာသာမရွေးလာရောက် အပူရှောင်နိုင်ပြီး ဗုဒ္ဓဘာသာဝင်များ အတွက် ဆရာတော်များက တစ်နေ့ သုံးကြိမ်တရားဟော၊ တရားပြပေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။
ညအိပ်ရန် အိပ်ရာလိပ်၊ ခြင်ထောင်နှင့် မိမိလိုအပ်သော အသုံးအဆောင်ပစ္စည်း အနည်းအကျဉ်းကိုသာ ယူဆောင်ခဲ့ရမည်ဟု ဆိုသည်။ အပူရှောင်စခန်းသို့ လာ ရောက်နေထိုင်လိုပါက ဖုန်း ၀၉-၇၈၉၀၈၅၀၃၆ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သတင်းရရှိသည်။
7Days

2 comments:

  1. Hello! This is my first visit to your blog! We are a collection of volunteers and starting
    a new project in a community in the same niche.
    Your blog provided us useful information to work on.
    You have done a wonderful job!

    ReplyDelete
  2. Myanmar Idol Season 4 Top Result Live Full Show
    Myanmar Idol Season 4 Live Full Show

    Pakistan Education News Read Online Books NTS Results
    itnewsnet.com/

    ReplyDelete