Tuesday 19 May 2015

အသနားခံထားသည့် ကာလအတွင်း အင်အားသုံးဖယ်ရှားခံရမည်ကို ဒဂုံဆိပ်ကမ်းရှိ ကျူးများစိုးရိမ်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်နေအိမ် ၁,၅၀၀ ခန့်က ၎င်းတို့လက်ရှိနေထိုင်နေသော မြေနေရာကို ပေါက်ဈေးအတိုင်း ဝယ်ယူမည်ဖြစ်၍ ဖယ်ရှားခိုင်းခြင်းမပြုလုပ်ပါရန် ဒုသမ္မတအပါအဝင် သက်ဆိုင်ရာဌာနခြောက်ခုသို့ အသနားခံစာတင်ထားပြီး ပြန်လည်  အကြောင်းမပြန်မီ အချိန်အတွင်း အင်အားသုံးဖယ်ရှားမည်ကို  စိုးရိမ်နေကြကြောင်း  သိရသည်။

လက်ရှိ ဒဂုံဆိပ်ကမ်းမြို့နယ်(၉၃)ရပ်ကွက်မြေပေါ်တွင် တိုးချဲ့ နေထိုင်ကြသော ကျူးကျော်များ အား အစိုးရက ဖယ်ရှားပေးရန် ၂၀၁၄ က နှစ်ကြိမ်နှင့် ယခုနှစ်အ တွင်း သုံးကြိမ် သတိပေးခဲ့သည်။ ကျူးကျော်အများစုမှာ ဖယ်ရှားမ ပေးနိုင်သောကြောင့် လက်ရှိ နေ ထိုင်နေသော မြေမှာ အစိုးရပလပ် မြေကို အစိုးရ သတ်မှတ်သော ဈေးဖြင့် ပြန်၍ ဝယ်ယူမည်ဖြစ် ကြောင်း အသနားခံစာများ ပေးပို့ ထားခြင်းဖြစ်သည်။

၂၀၁၄ နှစ်လယ်ခန့်က ကောက်ယူသော စာရင်းများအရ အဆိုပါ   တိုးချဲ့ရပ်ကွက်တွင် ကျူးကျော်အိမ်ပေါင်း  ၁,၄၇၀၊ လူဦးရေ ၅,၆၈၄ ဦးနှင့် ကျောင်းသူကျောင်း သားပေါင်း ၅၁၃ ဦးရှိပြီး လက်ရှိအချိန်တွင် လူဦးရေ ပိုမိုများပြားနေကြောင်း ဆိပ်ကမ်း မြို့နယ် ထွေအုပ်ရုံးမှ သိရသည်။


 မြေနေရာပြန်လည်ဝယ်ယူ လိုကြောင်း   အသနားခံစာကိုဒုသမ္မတ   ဦးဉာဏ်ထွန်းအပါအဝင် ပြည်ထောင်စုလွှတ်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များသို့ ယခုလအတွင်းမှာပင် အ သနားခံစာတင်ထားခြင်းဖြစ်ပြီး ပြန်လည်အကြောင်းမပြန်မီတွင် အင်အားသုံးဖယ်ရှားမည်ကို စိုးရိမ်ကြကြောင်း အများစုက ပြော သည်။

‘‘ကျွန်တော်တို့အရှေ့မှာ တင် ဖြစ်သွားတာ။ ဒဂုံဆိပ်ကမ်း (၁၆၈)ရပ်ကွက်နဲ့ ငါးခြောက်တန်း ဆို ဘူဒိုဇာနှစ်လုံးနဲ့ သိမ်းကျုံးပြီး ဖျက်သွားတာလေ။ အခုထိ လူတွေ လမ်းပေါ်မှာ နေနေရတုန်းပဲ’’ဟု အဆိုပါ ကျူးကျော်ရပ်ကွက် အတွင်းမှ အသက်(၆၀)အရွယ် ဒေါ်မေအုန်းခင်က ပြောသည်။

 (၉၃)ရပ်ကွက်နေ ပြည်သူများအနေဖြင့် လူဦးရေလည်း များပြားပြီး ပြောင်းရွှေ့စရာနေရာ လည်း မရှိသောကြောင့် အစိုးရအ နေဖြင့်   အသနားခံစာကို မြန် မြန်အကြောင်း ပြန်စေလိုကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း NLD ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးမှ ရုံးအဖွဲ့မှူး ဦးကျော်သူအောင်က ပြောသည်။ ‘‘ရပ်ကွက်ဘက်က လည်း ပိုက်ဆံတွေ ဝိုင်းစုထားပြီး တတ်နိုင်သလောက် ဈေးဆိုရင် မြေကို အရင်ဝယ်မှာပါ။ ရောင်း ရင်လည်းရောင်း၊ မရောင်းရင် လည်း ဒီလောက်လူအများကြီးကို စာနာပြီး တစ်ခုခုလုပ်ပေးဖို့ စဉ်း စားပေးပေါ့ဗျာ’’ဟု ၎င်းက ပြော ကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ကျူးကျော်ရပ်ကွက်ကို အင်အားသုံးဖျက်ရန် လူအင်အားလေးထောင်တောင်းထားသည်ဟု ရပ်ကွက်အတွင်း သတင်များထွက်ပေါ်နေသော်လည်း (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဟုတ်မှန်ကြောင်း အတိအလင်း ရှင်းလင်းထားသည်။

 ‘‘အရင် သူများရပ်ကွက်တွေတုန်းက သူတို့ဘာသာ အင်အားသုံးဖယ်ရှားတာတွေ ရှိကောင်းရှိမယ်။ ကျွန်တော်ကတော့ လုံးဝအင်အားမသုံးပါဘူး။ သို့သော် ကျူးကျော်ဆိုပြီး နိုင်ငံတော်က တရားဝင်စာပို့ပြီး ဖယ်ခိုင်းထားတဲ့အတွက်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖယ်ရမှာပဲ’’ ဟု (၉၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကြည်က ပြောသည်။

၂၀၁၅ ဘဏ္ဍာနှစ်အစကလည်း တညင်းကုန်း၊ မြောက်ဒဂုံတို့ရှိ ကျူးကျော်များကို စီမံကိန်းအတွက်ဟုဆိုကာ ဖယ်ရှားထားခိုင်းခဲ့သည်။
7 day

No comments:

Post a Comment