Tuesday 19 May 2015

မင်းပြား၌ ဖမ်းဆီးရမိသည့် ရွှေရောင်ဆာဖာငါးအား စီးပွားရေးသမားများက ကျပ် ၅၅ သိန်းပေး ဝယ်ယူ

Photo Caption: ရေခဲရိုက်ထားသည့် ရွှေရောင်ဆာဖာငါးကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပျောက်ကွက်လု နီးပါးဖြစ်နေသော ရွှေရောင်အမျိုးအစား ဆာဖာ ငါးတစ်ကောင်အား မေ ၁ရရက်တွင် သင်ပုတ်ချောင်းထဲမှ တံငါသည်များမှ ဖမ်းဆီးရမိခဲ့ရာ အဆိုပါ ဆာဖာငါးအား စီးပွားရေး သမားများမှ စုပေါင်း၍ ကျပ် ၅၅ သိန်းပေးကာ ဝယ်ယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါငါးမှာ ရှားပါးကာ ရွှေ ရောင်အဆင်းရှိပြီး ငါးပေ သုံးလက်မ အရွယ်ရှိကာ ၂၂ပိဿာခန့် အလေး ချိန်ရှိကြောင်းနှင့် မြန်မာပြည်တွင်း ငါးဈေးကွက်၌ ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိ အနိမ့်ဆုံးဈေးရနိုင် ကြောင်း ငါးကုန်သည်များဆီမှသိရသည်။

''ဒါက စွန့်စားမှုတစ်ခုပဲ။ လွန် ခဲ့တဲ့ ၁ဝနှစ်လောက်က ကျွန်တော့်ရှေ့မှာပဲ ဒီထက်ငယ်တဲ့ ဆာဖာငါးကို ကျပ်သိန်း ၂၀ဝနဲ့ အရောင်းအဝယ်ဖြစ် သွားတာ မြင်ဖူးတယ်။ ဒီလို ငါးမျိုးက ရခဲတယ်။ မျိုးတုံးသွားပြီလို့ ပြောလို့ရတယ်။ သူရဲ့ဆီဖောင်းက အဖိုးတန်တယ်။ ဒီငါးရဲ့ဆီဖောင်းကြီးရင် ကြီးသလို ဈေးလဲကြီးသွားမှာဖြစ် တယ်''ဟု ငါးဝယ်ယူခဲ့သူ တစ်ဦးဖြစ် သူ ဦးစိန်သန်းမောင်က ပြောကြား သည်။

အဆိုပါငါးကို သင်ပုတ်ချောင်း ကျေးရွာမှ တံငါးသည်များမှ အနီး အနားရှိ ချောင်းအတွင်း ငါးရှာဖွေ နေစဉ် ငါးမှာ ရေထဲမှာ ရုတ်တရက် ပေါ်လာသဖြင့် လှေလှော်တတ်မဖြင့် ရိုက်ကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ''ငါးတစ်ကောင်ကို ကျပ် ၅၅ သိန်း ပေးဝယ်တော့ အံ့ဩမိတယ်။ ဒါပေမဲ့ ငါးကိုမြင်တော့ ကျွန်မတစ် သက်တစ်ခါမှမမြင်ဘူးတဲ့ငါးမျိုးဖြစ် နေတယ်။ သေနေတာတောင် ငါးရဲ့ ကိုယ်ထည် ရွှေရောင်တဝင်းဝင်း တောက်နေတယ်။ အရှင်သာဆိုရင် ရေထဲမှာ ဘယ်လောက်လှမလဲဆို တာ တွေးကြည့်ရုံနဲ့တောင် သိနိုင် တယ်။ ဘုရားဇာတ်နိပါတ်တော်တွေ ထဲမှာပါတဲ့ ရွှေငါးဆိုတာ ဒါမျိုးဖြစ် နိုင်တယ်။ ကျွန်မကတော့ နှမြောမိ တယ်''ဟု မင်းပြားမြို့ဒေသခံ ဒေါ်စံ မေနုက ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါငါးကို ရေခဲရိုက်ထားပြီး ဝယ်ယူထားသူ စီးပွားရေးသမားများမှာ ရခိုင်တစ် ပြည်နယ်လုံးရှိ ငါးကုန်သည်များအား ချိတ်ဆက်လျက်ရှိကာ ဈေးပိုပေးနိုင် သူကို ရောင်းချမည်ဖြစ်ကြောင်း သိ ရသည်။

PHA(M.M.K)
Democracytoday

No comments:

Post a Comment