Friday 20 March 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း 'ဒီ'အဆင့်ရရှိသူများ မေးခွန်းသစ်များဖြင့် မေ ၁၄ တွင် ပြန်ဖြေရမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် 'ဒီ'အဆင့်ရရှိသူများကို မေ ၁၄ ရက်တွင် ပြန်လည်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် စတုတ္ထ တန်းနှင့် အဋ္ဌမတန်း တိုင်းစစ်၊ ခရိုင်စစ် စာမေးပွဲ အောင်စာရင်း တွင် 'Grade D' အဆင့် ရရှိသော ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲကျရှုံး မှုအတွက် ပြန်လည်ဖြေဆိုခွင့်ပြုသည့်အခါ ဖြေ ဆိုရမည့် မေးခွန်းများကို ယခင်စစ်မေးထားသည့် မေးခွန်းများ မဟုတ်တော့ဘဲ အသစ်ပြန်လည် ထုတ်ထားသည့် မေးခွန်းများဖြင့် မေးမြန်းသွားမည် ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

''အတန်းတင်စာမေးပွဲကြီးမှာ ကျောင်းသားတွေအနေနဲ့ ငါးဘာသာ စလုံး အောင်မှတ်ရမှစာမေးပွဲအောင် မှာ ဖြစ်ပါတယ်။ အောင်မှတ်မရရှိတဲ့ ဘာသာရပ်တွေကို ပြန်လည်ဖြေဆိုတဲ့ အခါ အရင်အတန်းတင်စာမေး ပွဲမှာ မေးထားတဲ့မေးခွန်းမဟုတ်ဘဲနဲ့ မေး ခွန်းအသစ်တွေနဲ့ မေးမြန်းသွားမှာဖြစ် တယ်''ဟု အမှတ်(၃)အခြေခံပညာဦး စီးဌာန (အောက်မြန်မာပြည်)မှဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောသည်။

'D' အဆင့်ရရှိသော စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူများအတွက် မေလအတွင်းမှာပင် ပြန်လည်သင်ကြား ပေးခြင်းများ ပြုလုပ်ကာ မေ၁၄ရက် တွင် မြန်မာစာကို နံနက်၉နာရီမှ ၁ဝ နာရီခွဲ၊ အင်္ဂလိပ်စာကို မွန်းလွဲ၁နာရီမှ ၂ နာရီခွဲအထိ၊ မေ၁၅ရက်တွင် သင်္ချာ ကို နံနက်၉ နာရီမှ ၁ဝနာရီခွဲအထိ၊ အ ခြေခံသိပ္ပံကို မွန်းလွဲ ၁နာရီမှ ၂နာရီခွဲ အထိနှင့် မေ၁၆ရက်တွင် လူမှုရေးဘာ သာရပ်ကို နံနက် ၉ နာရီမှ ၁ဝ နာရီခွဲ အထိ ပြန်လည်ဖြေဆိုချိန်များသတ်မှတ် ထားသည်။

အဋ္ဌမတန်းကျောင်းသား၊ ကျောင်း သူများအတွက် မေ၁၄ရက်တွင်မြန်မာ စာကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ အင်္ဂလိပ်စာကို မွန်းလွဲ ၁နာရီမှ ညနေ ၃နာရီအထိ၊ မေ၁၅ရက်တွင် သင်္ချာကို နံနက်၉နာရီမှ ၁၁နာရီအထိ၊ အထွေ ထွေသိပ္ပံကို မွန်းလွဲ ၁ နာရီမှ ညနေ၃ နာရီအထိ၊ မေ ၁၆ရက်တွင် ပထဝီကို နံနက် ၉နာရီမှ၁၁နာရီအထိ၊ သမိုင်း ကို မွန်းလွဲ ၁နာရီမှ ညနေ၃နာရီအထိ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိ ရသည်။

ကျောင်းသား၊ ကျောင်းသူများကို စာစစ်ဌာန၏ ညွှန်ကြားချက်အတိုင်း grade A, B, C, D အဆင့်အသီးသီးဖြင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အောင် စာရင်းများကို ထုတ်ပြန်ရာ၌ အမှတ် ၁ဝဝမှ ၈ဝကြားကို A အဆင့်၊ အမှတ် ၇၉ မှ ၆ဝကြားကို B အဆင့်၊ အမှတ် ၅၉ မှ ၄ဝကြားကို Cအဆင့်၊ အမှတ် ၄ဝ အောက်ကို D အဆင့်ဖြင့် ထုတ် ပြန်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ လအတွင်း ကျင်းပခဲ့သော အကြိုစာ မေးပွဲ၌ အောင်ချက်ရာခိုင်နှုန်းနည်းပါး ခဲ့သောကြောင့် အောင်ချက်မြင့်မားရေး အစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ အ တန်းတင်စာမေးပွဲတွင် ဖြေဆိုနိုင်သူ များပြားလာကြောင်း သိရသည်။

အတန်းတင်စာမေးပွဲ အောင်စာ ရင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လာမည့် ဧပြီ၁၈ရက် တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

TheYangonTimes‬

No comments:

Post a Comment