Friday 20 March 2015

ယနေ့ခေတ် မင်းသားတွေ အရပ် ပိုနိမ့်လာ သလား

ရှေးခေတ် မင်းသားတွေနဲ့ ယနေ့ခေတ် မင်းသားတွေရဲ့ အရပ်အမောင်းကို နှိုင်းယှဉ်ရာမှာ ကွာခြားမှုတွေ အတော်ရှိနေ တယ်လို့ ဆိုထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးခေတ် မင်းသားတွေဟာ သန်မာ ထွားကြိုင်း ကြပြီး ယနေ့ခေတ် မင်းသားတွေ ကတော့ အရပ်အမောင်းသာ နေတာကြောင့် ဖြစ်ပါတယ်။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဂျွန်ဝိန်း ဆိုရင် အရပ် (၆ပေ၊ ၄ လက်မ) ရှိသလို ကလင် အိစ်ဝုဒ် ဆိုရင်လည်း အရပ် (၆ပေ၊၄လက်မ) အထိ ရှိနေ ပါတယ်။ ရှေးခေတ် မင်းသားကြီး တွေရဲ့ အက်ရှင်ဇာတ်လမ်း တွေဟာ စွဲမက်စရာ ဖြစ်ခဲ့ပြီး ထိုးသတ်နေခြင်း၊ မြင်းစီးခြင်းစတဲ့ အမူအရာ တွေကို ပြုလုပ် ရာမှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုရ ထားတဲ့ အက်ဒီရက်မေနီ ဆိုရင် အရပ် (၅ပေ၊ ၁၀လက်မ) သာ ရှိပါတယ်။ ဒါပေမဲ့ အက်ဒီရက်မေနီဟာ ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းနဲ့ တူအောင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ယနေ့ခေတ် မင်းသားတွေရဲ့ အရပ်အမောင်းဟာ အမျိုးသမီး သရုပ်ဆောင်တွေ ထက်တောင် နိမ့်နေ တာကို  တွေ့ရှိ ရပါတယ်။ ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ချင်း နှိုင်းယှဉ်ရင်တောင် တူညီမှု မရှိတော့ ပါဘူး။ ယခင် ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရှောင်ကွန်နရီရဲ့ အရပ်အမောင်း စဟာ (၆ပေ၊၂ လက်မ)အထိ ရှိခဲ့ပါတယ်။ ယနေ့ခေတ် ဂျိမ်းစ်ဘွန်းဇာတ်ကောင် နေရာမှာ ပါဝင်ထားတဲ့ ဒန်နီရယ်ခရိတ် ဟာ အရပ် ( ၅ပေ၊ ၁၀) လက်မသာ ရှိပါတယ်။

မင်းသားကြီး အာနိုး ဆိုရင် အရပ် (၆ပေ၊ ၃လက်မ) လောက်ရှိမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်း မှာတော့ (၅ပေ၊ ၁၁) လက်မလောက်ပဲ   ရှိပါတယ်။ သရုပ်ဆောင်ရာမှာ အရပ်ရှည်ခြင်း၊ ပုခြင်းက အဓိက မကျပေမယ့် အရင်တုန်း ကတော့ သန်မာထွားကြိုင်းတဲ့သူ တွေကို ပိုမို အကြိုက် တွေ့ခဲ့ ကြတယ်လို့ ဆိုထား ပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ဒန်နီရယ်ရက်က လစ်ဖ်ဟာ အရပ် (၅ပေ၊၅လက်မ) သာ ရှိပါတယ်။ ပိတ်ကားပြင်မှာ သန်မာထွားကြိုင်းသူလို့ ယူဆထားပေမယ့် အပြင်မှာတော့ အရပ်အမောင်း သိပ်မရှိတဲ့ မင်းသားတွေလည်း ရှိနေ ပါတယ်။ တွမ်ခရုစ် ဆိုရင်လည်း  အရပ် (၅ ပေ၊ ၇ လက်မ) လောက်သာ ရှိပါတယ်။ ဘရက်ပစ် ဟာလည်း အရပ် (၅ပေ၊၁၁) လက်မပဲ ရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ တစ်တွေဟာ ထင်ရှားတဲ့ သရုပ်ဆောင်တွေအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရှောင်ပင်း၊ အယ်လ်ပါစီနို၊မာတင်ဖရီးမင်း စတဲ့ မင်းသားကြီးတွေဟာ အရပ် (၅ပေ၊ ၅လက်မ) ၀န်းကျင်သာ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်(၄၀) လောက်တုန်းက မင်းသားတွေဟာ အရပ်အမောင်း၊ ကြံ့ခိုင်တောင့်တင်းမှု စတာတွေကို ဦးစားပေးခဲ့ပေမယ့် ယနေ့ခေတ် မှာတော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင် အတိုင်း လုပ်နိုင်ခဲ့ရင် အသိအမှတ်ပြုခံနေရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် မင်းသားတွေဟာ ရှေးခေတ် မင်သား တွေထက် ပိုသေးသွားတာ ကတော့  ဓာတ်ပုံ မှတ်တမ်းတွေကို ပြန်ကြည့်ရင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Messenger News Journal 

No comments:

Post a Comment