Friday 20 March 2015

ချစ်သူနှစ်ယောက်စလုံး သတ်သေဖို့ ကြိုးစားချိန်မှာ ဘယ်သူ့ကို ကယ်တင်ခဲ့သလဲ

ချစ်သူနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း သတ်သေဖို့ ကြိုးစားနေချိန်မှာ ဘယ်သူ့ကို အရင်ကယ်တင်မလဲဆိုတဲ့ မေးခွန်းက စိတ်ဝင် စားစရာပါပဲ။  တရုတ်နိုင်ငံက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ်ရှိ ၀ူဟာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ချစ်သူဟောင်းနဲ့ လမ်းခွဲပြီးနောက် ချစ်သူသစ်နဲ့ လက်တွဲတာ သုံးလခန့်ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ချစ်သူဟောင်း က ၀ူကိုပြန်လည် ဆက်သွယ်လာ တာကြောင့် မိန်းကလေး နှစ်ဦး အကြားမှာ ၀ူဟာ ဗျာများခဲ့ ရပါတယ်။ ၀ူရဲ့ ချစ်သူပောာင်းဟာ အနိုင်ရလို စိတ်ကြောင့် အမြဲတမ်းနှောင့်ယှက်မူတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် သုံးပွင့်ဆိုင် တွေ့ဆုံခဲ့ကြပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ချစ်သူဟောင်းပာာ သူ့ကို မရွေးချယ်ရင် ရေထဲခုန်ချမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့ တာကြောင့် ဖြစ်ပါတယ်။ ချစ်သူဟောင်းဟာ သူရေထဲ ခုန်ချရင် သေချာပေါက် ကယ်တင်ခံရမယ်လို့ တွက်ဆပြီး ခုန်ချမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုခုန်ချမှုပြုပြီးတဲ့ နောက်မှာ ချစ်သူသစ် ကလည်း ရုတ်တရက် ခုန်ချခဲ့တာကြောင့် ၀ူဟာ အကျပ်ရိုက် သွားခဲ့ပါတယ်။ ဒီနောက် ဆုံးဖြတ်ချက်ချပြီး ချစ်သူသစ် ကိုပဲ ကယ်ဆယ်ခဲ့ပြီး ချစ်သူသစ်ကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေကို အကြောင်းကြားခဲ့ပါတယ်။ ကံကောင်းတာက ခုန်ချတဲ့ နေရာဟာ အန္တရာယ် မဖြစ်တဲ့နေရာ ဖြစ်တာကြောင့် နှစ်ဦးစလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ တစ်အိမ်ထောင်စုကို ကလေးတစ်ယောက်သာ ယူရမယ့် ပေါ်လစီရှိနေ တာကြောင့် အမျိုးသား ရှားပါးပြီး အမျိုးသမီးတွေပေါများနေ တာကြောင့် လူမှုရေး အရှုပ်အရှင်းတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Messenger News Journal 

No comments:

Post a Comment