Friday 20 March 2015

ဒဏ်ရာကြောင့် ပေါ့ဂ်ဘာ နှစ်လနီးပါး အနားယူရဖွယ်ရှိ

ဘိုရပ်ရှားဒေါ့တ်မန်နှင့် ပွဲစဉ်တွင် ဒဏ်ရာရသွားသည့် ဂျူဗင်းတပ်စ် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ အနေဖြင့် နှစ်လနီးပါးမျှ အနားယူရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဂျာမနီမြေတွင် အိမ်ရှင်ကို (၃-၀)ဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ် ပွဲစဉ်၌ ပြင်သစ် လက်ရွေးစင် ပေါ့ဂ်ဘာ သည် ပွဲချိန် (၂၇)မိနစ် ကတည်းက ထိခိုက်သွားခြင်း ဖြစ်သည်။ ပေါ့ဂ်ဘာသည် ညာဘက် တံကောက် ကြောတွင် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း အီတလီ ချန်ပီယံ အသင်းက အတည်ပြုခဲ့ပြီး ဘောလုံးပြန် ကစားရန် ရက်ပေါင်း(၅၀)မျှ စောင့်ဆိုင်းရဖွယ် ရှိသည်ဟုလည်း သိရသည်။ အဆိုပါ အခြေအနေအရ ပေါ့ဂ်ဘာသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များနှင့် လွဲချော်မည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲထိ ဂျူဗင်းတပ်စ် ရောက်ရှိလျှင်လည်း ပါဝင်ကစားနိုင်မည် မဟုတ်ချေ။

ပေါ့ဂ်ဘာ ဒဏ်ရာရနေချိန်တွင် နည်းပြ မက်စီမီလီယာနို အယ်လာဂရီ အနေဖြင့် နောက်တန်း(၃)ယောက် ပုံစံကို ပြောင်းလဲကျင့်သုံးရဖွယ် ရှိနေပြီး ကွင်းလယ်ဝင်ရိုးတွင် ကလော်ဒီယို မာရှေယာနို၊ အာတူရို ဗီဒဲလ်နှင့် အန်ဒရီယာ ပီယာလိုတို့အား အထိုင်ချသွားဖွယ် ရှိနေသည်။ ဂျူဗင်းတပ်စ်သည် ဒေါ့တ်မန်ကို အိမ်ကွင်းတွင် (၂-၁)ဖြင့် အနိုင်ရပြီး အဝေးကွင်းတွင် ပြတ်ပြတ်သားသား (၃-၀)ဖြင့် ထပ်မံ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပွဲစဉ်အရှုံးရလဒ်သည် ဥရောပ ပြိုင်ပွဲများတွင် ဒေါ့တ်မန်က ဂျူဗင်းတပ်စ်ကို (၄)ကြိမ်မြောက် အရေးနိမ့်မှုလည်း ဖြစ်စေခဲ့သည်။ 

Ref: Daily Mail
Soccer Myanmar 

No comments:

Post a Comment