Friday 20 March 2015

တိုက်လေယာဉ်မှ ဗုံးများ တရုတ်နိုင်ငံတွင်းသို့ ကျရောက်နိုင်ဖွယ်မရှိဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးပြောကြား

တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သော တရုတ်နိုင်ငံတွင်း သို့ကျရောက်ခဲ့သည့် ဗုံးမှာမြန်မာ့ တပ်မတော် တိုက်လေယာဉ်များမှ ဗုံးမဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ် နိုင်ငံဆိုင်ရာ သံအမတ် ကြီးအား ခေါ်ယူတွေ့ဆုံ ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘မတ်လ ၁၈ ရက်က မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် သံအမတ်ကြီးတို့ နေ့လယ်ပိုင်းမှာ တွေ့ခဲ့ ပါတယ်။ မြန်မာဘက်က တိုက်လေယာဉ်ဗုံးဟာ တစ်ဖက် ကို ကျရောက်နိုင်မှုမရှိတာကို သေချာစွာ ရှင်းပြခဲ့ ပါတယ်။ နှစ် ဖက်လက်နက်ဆိုင်ရာ ကျွမ်းကျင် သူများ ဆက်ပြီးရထားတဲ့အချက် များနဲ့ မြေပုံများကို အပြန်အလှန် စိစစ်နေပါတယ်။ လုပ်ငန်းစဉ်က မပြီးသေးပါဘူး’’ဟု နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က ပြော သည်။

သေဆုံးတရုတ်နိုင်ငံသား တစ်ဦးလျှင် ဒေါ်လာတစ်သောင်း ကျော် လျော်ကြေးပေးရန် မြန်မာ အစိုးရက ကမ်းလှမ်းကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြမှုများမှာလည်း အတည်ပြု နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ 

ထို့အပြင် တရုတ်နိုင်ငံသား များ သေဆုံးစေခဲ့သည့် ထိုဗုံးကျ ရောက်သည့်ဖြစ်စဉ်အပေါ် နှစ် ဖက်အကြား ဆက်လက်ဆွေးနွေး သွားရန်ရှိကြောင်း သတင်းရရှိ သည်။

7Day DAILY 

No comments:

Post a Comment