Friday 20 March 2015

လွှတ်တော်ကို စောင့်ကြည့်၍ ၄၃၆ ပြင်ဆင်ရေး NLD ပါတီ လှုပ်ရှား သွားမည် ဟုဆို

၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍  လွှတ်တော်မှ လုပ်ဆောင်နေပြီး အခြေအနေကို ကြည့်ကာ ပါတီဘက် အပိုင်းမှ လှုပ်ရှား သွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media သို့ ပြောသည်။
လက်ရှိ အချိန်တွင်  ၄၃၆ ပြင်ဆင်ရေးနှင့်  ပတ်သက် ၍  လွှတ်တော်ဆိုက်ဒ် အတွင်းမှ လုပ်ဆောင် ထားပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတတို့ ယခုရက်ပိုင်း တွေ့ဆုံမှုတွင် လည်း  ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောဆိုပြီး ဖြစ်ကြောင်း သိရသည်။ ၄၃၆ နဲ့ပတ်သက်ပြီးတော့ လွှတ်တော်မှာလည်း ပြောပြီးပြီ ဒေါ်အောင်ဆန်းစုကြည် မနေ့ တစ်နေ့က သမ္မတကြီးနဲ့ တွေ့တဲ့ အချိန် မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ချောမောပြီး ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ ပြောဆိုထား ပြီးပြီ-၄၃၆ နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ လုပ်ပြီးပြီ၊ ပါတီဆိုက်ဒ်က လက်မှတ်ရေးထိုးတုန်းက တော်တော်လုပ်ခဲ့ ပြီးပြီ ဟု ၎င်း က ဆက်ပြောသည်။

၂၀၀၈  ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ၂၀၁၅ ခုနှစ် နောက်ပိုင်း တွင်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြား ထားပြီး အဆိုပါ ပြောကြားမှု ကိုလည်း လက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲအား မေလတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယကက ပြောကြား ထားသည်။

NLD ကတော့-၄၃၆ ရယ်၊ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆက်တိုက် ကြိုးစားနေ တာပဲ။ နည်းမျိုးစုံနဲ့ လုပ်နေတယ်။ ပြောလို့ ရတာ ရှိသလို ပြောလို့မရတာ ရှိပါတယ်။ အစဉ်အမြဲ ဒါကို အာရုံစိုက်ပြီး လုပ်နေတာ ရှိပါတယ်။ လွှတ်တော် ကိုလည်း ကောက်ခံလို့ ရတဲ့ လက်မှတ်တွေ ပို့ပြီး သွားပြီ နောက်ထပ်လည်း လိုအပ်ရင် လိုအပ် သလို လုပ်ဖို့ စဉ်းစားထား တာတွေ ရှိပါတယ် ဟု NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က The Messenger Media သို့ ပြောသည်။

NLD နှင့် -၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ အခြေခံ ဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ခံရာ၌ ပြည်နယ် အချို့တွင် ကောက်ခံနိုင်မှု မရှိခဲ့ သော်လည်း မြို့နယ်ပေါင်း (၃၀၈)မြို့နယ်မှ  လက်မှတ်ပေါင်း  (၄၉၄၁ ၉၉၈) ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှသိရသည်။ အဆိုပါ လက်မှတ်များ ကိုလည်း NLD ပါတီမှ လွှတ်တော်သို့ ပေးပို့ ခဲ့သည်။

Messenger News Journal 

No comments:

Post a Comment