Friday 20 March 2015

KIA အဖွဲ့ဖမ်းဆီးသွားသော လီဆူးလူငယ်များ ပြန်လွတ်လာသော် လည်း ကြောက်ရွံ့ ထိတ်လန့်နေ

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ လမုန်းကျေးရွာအနီးတွင် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဒေသခံလီဆူး လူငယ် (၆)ဦးသည် ပြန်လည်လွတ်မြောက်လာသော်လည်း ကြောက်ရွံ့ထိတ်လန့် နေကြ ကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

`` ဖမ်းသွားတာက ၆ ယောက်ပါ၊ ယောက်င်္ကျားလေး ၃ ယောက်၊ မိန်းကလေး ၃ ယောက်၊ အသက် ၁၈ နှစ်တောင် မပြည့် သေးတာက ၅ ယောက်ပါတယ်၊ ကလေးတွေပြန်လာတော့ အရမ်းကိုကြောက်နေ ကြတယ်´´ ဟု မိဘတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော လီဆူးလူငယ် ၆ ဦးမှာ မောင်အားဆာဂူ(၂၅)နှစ်၊ မောင်အားဖူ(၁၆)နှစ်၊ မောင်အားခီ(၁၅)နှစ်၊ မညီဆာစူး(၁၃)နှစ်၊ မဒူးလီဟဲ (၁၄)နှစ်နှင့် မချာယောနို(၁၄)တို့ဖြစ်ကြောင်း သိရသည်။ ``ပထမဆုံးပြန်လာတာက မိန်းကလေး ၃ ယောက်ပါ၊ ယောက်င်္ကျားလေး ၃ ယောက်ကိုတော့ လူသစ်လုပ်ခိုင်းဖို့ ဆက်ဖမ်းထားတဲ့ပုံပါပဲ၊ ဒါပေမယ့် သက်ဆိုင်ရာကသိသွားတာရယ်၊ လီဆူးရိုးရာအဖွဲ့က တောင်းဆိုတာကြောင့် ပြန်လွတ်လာတယ်လို့ထင်ပါတယ်´´ ဟု လီဆူးမျိုးနွယ်စုခေါင်းဆောင် တစ်ဦးက ပြောသည်။

ယင်းအဖွဲ့မှ မတ် ၁၅ ရက်နေ့တွင် မိန်းကလေး ၃ဦးအားလည်းကောင်း၊ မတ် ၁၈ ရက်နေ့တွင် ယောက်ျား လေး ၃ ဦးအား လည်းကောင်း ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရသောစိတ်ဒဏ်ရာကြောင့် လူငယ် များမှာ ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်း မျက်မြင်ရွာခံတစ်ဦးကဆိုသည်။

``သက်ဆိုင်ရာသိသွားတာရယ်၊ လမုန်ကျေးရွာ လီဆူးရိုးရာအဖွဲ့က ပြန်လွှတ်ပေးဖို့တောင်းဆို တာတွေ ကြောင့် လူငယ်တွေ ပြန်လာရတာပါ၊ ဒါပေမယ့် မိန်းကလေးငယ်တွေကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလာရတာတွေ့ရတယ်၊ ပတ်ဝန်းကျင်ကိုမျက်နှာမပြရဲဘူးဖြစ်နေတယ်၊ ဖြစ်နိုင်ရင်ဒီရွာမှာတောင် သူတို့မနေချင်တော့ဘူးလို့ ပြောလာတယ်၊ KIA အဖွဲ့က ဘာတွေလုပ်လိုက်တယ်ဆိုတာ ကာယကံရှင် တွေပဲ သိမှာပါ ´´ ဟု မြို့ခံတရားရေးဝန်ထမ်းတစ်ဦးက ပြောကြားသွားသည်။

တေကေ(တနိုင်း)
Credit >> Kcahin Daily News 

No comments:

Post a Comment